မေမေတို့ရေ နို့တိုက်မိခင်ဘဝမှာ အခြားသူတွေပိန်နေတယ်ဆိုရင်တော့ မေမေတို့အတွက်စိတ်မချမ်းသာစရာပါ။ သားသားမီးမီးလေးတွေ နို့ဝပါ့မလား။ ကိုယ့်ရဲ့နို့ရည်ဟာ သားသားမီးမီးတို့အတွက် အာဟာရမှပြည့်ပါ့မလားဆိုတဲ့ စိုးထိတ်စိတ်တွေနဲ့ စိတ်ညစ်ညူးရပါတယ်။ အဲ့ဒီအတွက် ဇွန်လထုတ် မေ့ရင်သွေးမဂ္ဂဇင်းရဲ့ မေးလိုရာမေး မေ့ရင်သွေးကဏ္ဍလေးမှာဖြေကြားထားတာလေးကို ကျားလေးရဲ့မေမေတို့အတွက် ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။
မေမေတို့ရေ နို့တိုက်မေမေပိန်နေတယ်ဆိုရင်တော့ အစားတွေများများပိုစားရပါမယ်တဲ့။ နောက်ပြီး နို့တိုက်ပြီးချိန်တိုင်းမှာလည်း မေမေတို့က အစာတစ်ခုခုစားသင့်တယ်လို့ ဆိုပါတယ်။ အစားကြီးကိုလည်း အခြားသူတွေ တစ်နပ်တော့ပိုစားပေးဖို့လိုပါတယ်။ အစားစားတဲ့အခါမှာလည်း အာဟာရပြည့်ဝစေဖို့ အာဟာရအုပ်စုကြီး (၃) စုစလုံးကို မျှတအောင် ပုံမှန်လေးစားပေးရမှာပါ။ တကယ်လို့အားဆေးသောက်ဖို့စိတ်ကူးရင်တော့ အခြားအားဆေးတွေထက် ကိုယ်ဝန်ဆောင်ကာလတုန်းက သောက်ခဲ့တဲ့အားဆေးတွေကို ဆက်လက်သောက်နိုင်တယ်လို့ ဆိုပါတယ်မေမေတို့ရေ။
ဘယ်လိုပဲဖြစ်ဖြစ် နို့တိုက်မိခင်ဘဝမှာ အာဟာရဖြစ်ဖို့အတွက်ဆိုရင်တော့ မေမေတို့က အစားတွေအများကြီးစားပေးပြီး အာဟာရပြည့်ဝတဲ့အစားအစာတွေဖြစ်စေဖို့အတွက် ဂရုစိုက်ပေးပါနော်မေမေတို့ရေ။
ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး