မေမေတို့ရေ မွေးစကလေးငယ်လေးတွေအတွက် အနှီးပတ်ဖို့နည်းလမ်းလေးလိုပါတယ်နော်။ နည်းနည်းလေးအရွယ်ရလာရင်တော့ ကလေးငယ်လေးတွေကို အနှီးပတ်ဖို့ အရမ်းကြီးမခက်ခဲပေမယ့် မွေးစကတော့ နည်းလမ်းတစ်ကျပတ်ပေးဖို့ လိုပါတယ်နော်။
မွေးစကလေးတွေကို အနှီးပတ်ဖို့ဆိုရင်တော့ ပုံလေးမှာပြထားတဲ့အတိုင်း အရင်ဆုံးအနှီးရဲ့ ထောင့်တစ်ထောင့်ကို အနည်းငယ်ခေါက်လိုက်ရပါမယ်။ ပြီးရင်တော့အဲ့ဒီခေါက်ထားတဲ့ အပိုင်းလေးကို လည်ပင်းနေရာလေးအတိထားပြီး ကလေးကို တင်ရမှာပါ။
ပြီးတဲ့အခါမှာတော့ အနှီးစတစ်ဖက်ကို ခေါက်ချလိုက်ပြီး အနားစွန်းကိုတော့ ကလေးကျောအောက်ဘက်ကို အသာအယာခေါက်ထည့်ရမှာပါ။ တစ်ဖက်ကိုခေါက်ထည့်ပြီးရင်တော့ အောက်ခြေအစွန်းထွက်နေတဲ့ အနှီးစကို အပေါ်ဘက်ကိုခေါက်ပြီး ပခုံတစ်ဖက်အောက်ဖက်ကို ထည့်လိုက်ရပါမယ်။
နောက်ဆုံးမှာတော့ ကျန်ရှိနေတဲ့ အနားစွန်းအနှီးစတစ်ဖက်ကို ကလေးငယ်ကိုပတ်ပေးလိုက်ရင်တော့ သပ်ရပ်စွာနဲ့ သေသေသပ်သပ်လေး အနှီးထုပ်ပေးပြီးဖြစ်သွားမှာပါနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး