အာထရာဆောင်းရိုက်တဲ့အခါ ဆရာဝန်က ရေမွှာရည်နည်းတယ် ၊များတယ် ၊ ပုံမှန်ပဲစသဖြင့်ပြောလေ့ရှိကြပါတယ်။
မေမေတေွသတိထားတတ်ခြင်းဖြင့် ရင်သေွးလေးတေွအန္တရာယ်ကို ကာကွယ်နိုင်စေဖို ့ပြောပြပေးပါမယ်နော်။
ကလေးလေးကဗိုက်ထဲမှာ ဘယ်လိုကြီးထွားလာတာလဲ?
မေမေ့ရဲ ့ဗိုက်ထဲမှာ ကလေးလေးတေွက သားအိမ်လို ့ခေါ်တဲ့ ကိုယ်ပိုင်အိမ်လေးနဲ ့နေကြတာပါ။
ရက်ပေါင်း ၂၈၀ခန် ့လောက်နေကြရပါတယ်။
သားအိမ်ထဲမှာ ရေမွှာရည်လေးတေွရှိပြီး ကလေးကအဲ့အထဲမှာ လှည့်ပိတ်သွားလာနေတာပါ။
ရေအိတ်လေးက ကလေးအတွက်ဘယ်လိုအကျိုးပြုတာလဲ?
ရေအိတ်လေးဟာ ကလေးအတွက် ၈လခွဲ ၉လလောက်အထိလှည့်ပတ်ပြီးဆော့လို ့ရတဲ့ အကျယ်ရှိပါတယ်။
မေမေ့ရဲ ့လှုပ်ရှားမှုတေွမှာလဲ ကလေးကိုတိုက်ရိုက်မထိခိုက်နိုင်ပါဘူး။
ထူးဆန်းတာက မေမေ့ရဲ ့ဗိုက်ထဲမှာ ကလေးလေးတေွက လေကိုရှုနေတာမဟုတ်ပဲ ရေကိုရှုရှိုက်နေကြတာပါ။
သူတို ့လေးတေွရဲ ့အဆုတ်ထဲမှာလေမရှိပဲအရည်တေွပဲရှိနေတာပါ။
ကလေးလေးရဲ ့လုပ်ဆောင်ပုံအဆင့်ဆင့်~
ကလေးလေးဟာ ရေမွှာအိတ်ထဲကအရည်တေွကို သောက်သလို ရှုးရှုးကိုလဲ ရေမွှာအိတ်ထဲကိုလဲပေါက်ထည့်ပါတယ်။
အနည်းအကျဉ်းသာဖြစ်တာမို ့အရောင်မနောက်ပါဘူး။
ရေမွှာရည်က ဆန်ဆေးရည်လို အရောင်ဖြစ်ပြီး အရည်ကျဲကျဲဖြစ်ပါတယ်။
၈လခွဲ၊ ၉လလောက်ဆိုရင်တော့ သားသား၊မီးမီးလေးတေွကထွားလာပြီမို ့နည်းနည်းကျပ်လာပြီး အရမ်းလှုပ်ရှားလို ့မရတော့ပါဘူး။
ရေမွှာပေါက်ခြင်း~
နေ ့လစေ့လို ့ဗိုက်နာလာပြီး သားအိမ်အဝအပြည့်ပွင့်လာတဲ့အခါ ပုံမှန်အားဖြင့်ရေမွှာပေါက်ပါတယ်။ရေမွှာပေါက်ပြီးတာနဲ ့ကလေးလိုက်လာတတ်ပါတယ်။
လမစေ့ခင်လဲ ရေမွှာပေါက်တဲ့မေမေတေွကတော့ စောမေွးတတ်ပါတယ်။
ရေမွှာပေါက်တယ်ဆိုတာဟာ ရေလိုအရည်တေွ ဆင်းလာတာကိုပြောတာပါ။
ရေမွှာပေါက်ပြီးရင်ပိုးဝင်တတ်တာမို ့မေမေနဲ ့ကလေးအသက်မထိခိုက်အောင် ဆေးရုံအမြန်ပြေးပါနော်။
ရေမွှာဖောက်ပေးရခြင်း~
ဗိုက်နာနေချိန်မှာ ရေမွှာမပေါက်သေးတဲ့မေမေတေွကို ရေမွှာဖောက်ပေးရတာလဲရှိပါတယ်။
သားအိမ်ရဲ ့ညှစ်အားကိုပိုကောင်းလာစေပြီး ကလေးမေွးတာမြန်စေပါတယ်။
ပိုးဝင်ထားရင် ရေမွှာရည်က အနံ ့အသက်ဆိုးပါတယ်။ ဒါဟာကလေးကိုအမြန်ထုတ်ပေးဖို ့ဆိုလိုတာပါ။
ကလေးတစ်ယောက်ကို ငယ်ငယ်ကတည်းကကျန်းမာစေချင်ရင် မေမေ့ဗိုက်ထဲမှာကတည်းက ကလေးကိုသေချာစောင့်ရေှာက်ဖို ့လိုပါမယ်။
ရေမွှာရည်ကိုထိခိုက်စေတဲ့ စားသောက်မှုတေွကိုရေှာင်ပါ။
ဒညင်းသီးလုံးဝမစားပါနဲ ့နော်။ ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်စားချင်တာစားဖို ့ထက် ကလေးကျန်းမာရေးကိုသာအဓိကဂရုပြုလိုပါတယ်...
TZWMA(Kyarlay)