ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတေွဟာ လှုပ်ရှားမှု အရမ်းနည်းသွားပါတယ်။ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အော့အန်ကြတယ်။ ဗိုက်ကြီးလာတာနဲ့အမှျ သူတို့ရဲ့ လှုပ်ရှားမှုတေွက လေးလံထိုင်းမှုိင်းလာတယ်။ ဟောမုန်းပြောင်းလဲမှုတေွကြောင့် စိတ်တေွလေးလံပြီး အမြင်မကြည်တာမျိုး ကိုယ်ဝန်ဆောင် ၉၅%လောက် ဖြစ်တတ်ကြပါတယ်။
ဒီလိုအချိန်မျိုးမှာ စိတ်တည်ငြိမ်မှုရရှိဖို့ ယောဂလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုတေွကို လေှျာ့ချပေးနိုင်တယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတေွထက်စာရင် ဒီယောဂလေ့ကျင့်ခန်းတေွ အသက်ရှူလမ်းကြောင်းပိုင်းမှာ မိခင်ရော သန္ဓေသားအတွက်ပါ ကောင်းမွန်စေပါလိမ့်မယ်။
တစ်ချို့သော ယောဂလေ့ကျင့်ခန်းတေွဟာ သန္ဓေသားရဲ့သေွးဖြစ်တဲ့ ရေမြွာတေွကို ထုတ်လုပ်ပေးနိုင်တာကြောင့် ရိုးရိုးမေွးမယ့် မေမေတေွအတွက်ရော ၊ ခွဲမေွးမယ့် မေမေတေွအတွက်ပါ ကိုယ်ဝန်ဆောင်ကာလမှ နေရထိုင်ရ သက်သာစေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တေွအတွက် ယောဂလေ့ကျင့်ခန်းပြုလုပ်ဖို့ အသင့်တော်ဆုံးအချိန်ကတော့ ကိုယ်ဝန်သက်တမ်း ၃လကနေ ရလအတွင်းပါပဲ။
ကိုယ်ဝန်သက်တမ်းနုစဉ် ပထမသုံးလပတ်အတွင်းမှာတော့ မကျင့်ခိုင်းပါဘူး။ ၃လကနေစပြီး လေ့ကျင့်လာရာကနေ ရလခွဲလောက်အထိ လေ့ကျင့်သွားလို့ ရပါတယ်။ ရလပြည့်ပြီးတဲ့ မိခင်လောင်းတေွကတော့ မေွးခါနီးလေ့ကျင့်ခန်းတေွကို ကျင့်ပေးရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကျန်းမာရေးအခြေအနေ မတူကြတဲ့အတွက် ကိုယ်ဝန်သက်တမ်းရလမှာ အခြေအနေကို စောင့်ကြည့်ပြီး လေ့ကျင့်ခန်း နားလိုက်ရတာမျိုးလည်း ရှိနိုုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတေွဟာ စိတ်အခြေအနေ အမျိုးမျိုး ပြောင်းလဲနေတတ်တာကြောင့် စိတ်တည်ငြိမ်မှုရရှိစေမယ့် ယောဂလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဟာ သန္ဓေသားကိုလည်း ပုံမှန်ကြီးထွားစေဖို့ အထောက်အကူ ပြုပေးနိုင်တဲ့အပြင် အိမ်ထောင်ရေးမှာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
HYA (kyarlay)