
ဘေဘီလေးတေွကို အစားအစာတေွကျေွးတဲ့အခါ ဟိုဟာမစား၊ ဒီဟာမစားနဲ့ အစားဂျီး(ကြေး) များနေမယ်ဆိုရင် မေမေတို့လည်း စိတ်ညစ်ရမယ်နော်။ နောက်ပြီး အစားကိုစုံလင်အောင်မစားတတ်တဲ့အတွက် ဘေဘီလေးတေွမှာ သင့်တင့်မှျတတဲ့ အာဟာရဓာတ်တေွမပြည့်မစုံဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ဘေဘီလေးတေွ အစားဂျီး(ကြေး) မများအောင် ဘယ်အချိန်ကတည်းက လေ့ကျင့်ရမယ်။ ဘယ်လိုမျိုးလေ့ကျင့်ပေးရမယ်ဆိုတာတေွကို မေမေတေွအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေတို့ရေ မိခင်နို့ကို အသက် ၆ လအထိ တိုက်ကျေွးပြီး ၆ လပြည့်ရင်တော့ တခြားဖြည့်စွက်စာတေွနဲ့ ဘေဘီလေးတေွကို လေ့ကျင့်ပြီး ကျေွးမေွးရတော့မှာပာ။ ၆ လအရွယ်ဘေဘီလေးတေွကို အရည်ကျဲကျဲကနေ ပြစ်ပြစ်လေး ပြောင်းလဲကျေွးမေွးကြပါတယ်။ အဲ့ဒီအချိန်မှာ မိသားစုတေွ စားသောက်နေကြဖြစ်တဲ့ အရသာတေွကို ကလေးသိအောင်လုပ်ပေးဖို့လိုပါတယ်။ အဲ့ဒါမှလည်း ဘေဘီလေးတေွက အရသာအစုံ၊ အစားအစာအစုံကို စားတတ်မှာပါ။ အသက် ၆ လအရွယ်မှာ အစားအစုံစားတတ်အောင် သင်ထားပေးမယ်ဆိုရင် အစားဂျီး(ကြေး) များတဲ့ကလေးဖြစ်တော့မှာ မဟုတ်ပါဘူး။

အဖတ်စကျေွးတဲ့အချိန်မှာ ကလေးကနို့သောက်တုန်းကလိုမျိုး လေှျာလေှျာရှူရှူမစားရတဲ့အတွက် ထေွးထုတ်တတ်ကြပါတယ်။ ငြင်းဆန်တတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ စိတ်ရှည်လက်ရှည်နဲ့ အချိန်ဘယ်လောက်ကြာကြာကျေွးမေွးဖို့လိုပါတယ်။ အစားမစားလို့ဆိုပြီး နို့တိုက်တာကိုတော့ရေှာင်သင့်ပါတယ်။ အစားကိုအဲ့ဒီအချိန်မှာအကျင့်လုပ်ပြီး ၀င်အောင်ကျေွးတဲ့အခါမှသာနောက်ပိုင်းမှာအဆင်ပြေနိုင်မှာပါ။

ဘေဘီလေးအသက် ၉ လ၊ ၁၀ လဆိုရင်တော့ အစားစားဖို့အတွက် ပိုပြီးဂျီး(ကြေး) များသွားပါပြီ။ အဲ့ဒါကြောင့် အဲ့ဒီအရွယ်မတိုင်ခင်မှာ အစားအစာအစုံစားတတ်အောင် လေ့ကျင့်ပေးထားဖို့လိုပါတယ်နော်။ မေမေတို့သတိထားဖို့တစ်ခုကတော့ ကလေးငယ်ကို အစားအသစ်တစ်ခုခုကျေွးတော့မယ်ဆိုရင် နည်းနည်းချင်းကစကျေွးပေးပါနော်။ တစ်မျိုးကို သုံးရက် (ဒါမှမဟုတ်) ငါးရက်လောက်ကျေွးပြီးမှသာ နောက်တစ်မျိုးပြောင်းကျေွးဖို့လိုပါတယ်။ ဒါမှလည်းအဲ့ဒီအစားက ကလေးနဲ့ဓာတ်တည့်မတည့်ဆိုတာပါ တစ်ပါတည်းသိရှိနိုင်မှာပါ။ ကလေးငယ်မှာ အဖုအပိန့်ထွက်တာ၊ အန်တာ၊ ၀မ်းလေှျာတာ စတဲ့အချက်တေွကို ဖေဖေ၊ မေမေတို့ကစောင့်ကြည့်ပြီး ဓာတ်တည့်၊ မတည့်ဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။
MiGi