စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်စဉ်မှာ ရေှာင်ကြဉ်ရမယ့်အစားအစာများ

Posted by Kyaw Lin Han September 2, 2019
Rpkckabnzteuir1sq8k8

ကိုယ်ဝန်ဆောင်နေစဉ်မှှာ အစာရေှာင်စရာမလိုဘူးလို့ပြောနေကြပေမယ့် တကယ်တမ်းမှာတော့ တချို့ အစားအစာများဟာ စားသုံးမှုလွန်ကဲရင်ကလေးငယ်ရော ကိုယ်ဝန်သည်ကိုပါ ထိခိုက်နိုင်တာကိုတော့ သတိထားရပါမယ်။ ကိုယ်ဝန်သည်များဟာ တစ်ယောက်စာ စားတာထက် နှစ်ယောက်စာစားနေရခြင်း ဖြစ်တဲ့ အတွက်လည်း ပိုမိုပြီးတော့ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အစားအစာများကို ရေွးခြယ်စားသုံးတော့မယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ မညီညွတ်သော အစားအစာများနဲ့ အမြန်စာများကို ရေှာင်ဖို့တော့ လိုအပ်ပါတယ်။

Pb7wvq76r1flzitd5grs

ပြဒါးဓာတ်များပြားလွန်းတဲ့ ငါးများကို စားသူံးခြင်း မပြုလုပ်သင့်ပါဘူး။ ငါးမန်း၊ လှံငါး နဲ့ ငါးသလောက်စားသုံးမှုများပြားပါကလည်း အာရုံကြော အဆိပ်သင့်မှုကြောင့် ဦးနေှာက်ကိုထိခိုက်နိုင်ပြီး ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုကိုလည်း နေှာင့်နေှးစေပါတယ်။ အကြံပြုချက်များအရတော့ ငါးစားမယ်ဆို ပြဒါးဓာတ်နည်းသော ဆော်လမွန်ငါး၊ ငါးခူ၊ ကော့ငါး နဲ့ တူနာငါးတို့ စားသင့်ပါတယ်။ ရေခဲရိုက်ထားသော ပင်လယ်စာများကလည်း မစားသင့်သော အစားအစာများဖြစ်ပါတယ်။ ဘတ်တီးရီးယားပါ၀င်မှုများပြားသလို ဆားပါ၀င်မှုလည်းများပြားသဖြင့် စားချင်ရင်တောင် တခါတရံ လတ်လတ်ဆတ်ဆတ် ရမှသာ စားသုံးသင့်ပါတယ်။

Vka6plsj6sgn197yhs7h

ဥများကိုလည်း မကျက်တကျက်စားခြင်း အစိမ်းစားခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။ မကျက်တကျက် ဥများမှာ ဆယ်မွန်နယ်လာ ဘတ်တီးရီးယား ပါ၀င်ပြီး ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ မအီမသာဖြစ်ခြင်း၊ အော်ဂလီဆန်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်နာကျင်ခြင်း၊ ကိုယ်အပူကြီးခြင်းတို့ဖြစ်နိုင်ပါတယ်။ မကျက်တကျက်အသားများကလည်း မစားသင့်သော အစားအစာများဖြစ်ပြီး စားသုံးခြင်း အကျိုးဆက်က သန္ဓေသားကို တိုက်ရိုက် မထိခိုက်ရင်တောင် ကိုယ်ဝန်သည် မိခင်ရဲ့ကိုယ်ခံစွမ်းအားကျဆင်းခြင်းက ကလေးငယ်ရဲ့ ဖွံ့ဖြ်ိုးမှုကို ထိခိုက်နိုင်ပါတယ်။

Cp8kvvrgmx64xjwvpbfi

အမြန်စာ ပေါ့ပေါ့ပါးပါး စားသုံးရသောအစားအစာများကလည်း လစ်စတာရီးယား ဘတ်တီးရီးယား ပါ၀င်မှုရှိသဖြင့် ကို်ယ်ဝန်ဆောင်မိခင်များအနေနဲ့ ရေှာင်ကြဉ်သင့်ပါတယ်။စားသုံးမယ်ဆိုရင်လည်း မီးအရှိန်ပြင်းပြင်းနဲ့ ချက်ပြုတ်ထားသော အစားအစာများကိုတော့ စားနိုင်ပါတယ်။နို့သောက်မယ်ဆိုရင်လည်း ကျိုချက်ထားသော နို့ကိုသာသောက်သုံးသင့်ပြီး မကျိုချက်ထားသော နို့မှာတော့ ကိုယ်ဝန်သည်ရော သန္ဓေသားကိုရောထိခိုက်နိုင်သော ဆယ်မွန်နယ်လာ၊ လစ်စတာရီးယား၊ အီး ကိုလီ၊ နဲ့ ခရစ်ပတိုစပေါရေဒီယမ် တို့ပါ၀င်တဲ့အတွက် သောက်သုံးမယ်ဆိုရင် ဆူပွတ်အောင် ကျိုချက်သင့်ပါတယ်။

Ussloivwm0pa6soiezoj

အချိုဓာတ်လွန်ကဲသော အစားအစာများကိုလည်း ရေှာင်သင့်ပြီး ဆေးသကြားများပါ၀င်သောလမ်းဘေးစာများ၊ သန့်ရှင်းစင်ကြယ်အောင် မဆေးကြောထားသော အစားအစာများ၊ မကျက်တကျက် ချက်ပြုတ်ထားသောအစားအစာများ၊ အဆီဓာတ်များပြားသော အစားအစာများ၊ အသင့်စား သံဗူးပိတ် အစားအစားများကို ရေှာင်ကြဉ် သင့်ပါတယ်။ဟာဗယ်တီး herbel tea သောက်သုံးကျင့်ရှိပါကလည်း အချို့သော ပါ၀င်ပစ္စည်းများက ကိုယ်ဝန်ဆောင်နေစဉ် သုံးဆောင်ရန် မသင့် သဖြင့်ရေှာင်ရှားသင့်ပါတယ်။ ကဖိန်းဓာတ်များပြားခြင်းကလည်း ကလေးငယ်အတွက် ရော ကိုယ်ဝန်သည်အတွက််ပါ အမကောင်းသဖြင့် ကော်ဖီသောက်သုံးတတ်သော ကိုယ်ဝန်သည်များအနေနဲ့ ကော်ဖီကို မနက်စာ စားချိန်လောက်ပဲသောက်သုံးသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆက်သော အစားအစာများကတော့ ကိုယ်ဝန်ဆောင်မိခင်ရော သန္ဓေသားအတွက်ပါ ကောင်းမွန်သော အကျိုးကျေးဇူးကိုပေးမှာပါ။

MiGi

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.