
လူတိုင်းရဲ့ခန္ဓာကိုယ်ပေါ်တွင် မှဲ့ဆိုတာ ရှိပါတယ်။ ဒါပေမယ့် လူတေွတော်တော်များများက မှဲ့ဆိုတာ ဘာဖြစ်ရမှာလဲ ဘာမှလည်း မဟုတ်ဘူး ဒီတိုင်းပဲဆိုပြီးတော့ ရိုးရိုးလေးပဲ တေွးတတ်ကြပါတယ်။ တကယ်တော့ မှဲ့ဆိုတာ လူတစ်ယောက်ရဲ့ကောင်းကျိုး ဆိုးကျိုးကိုပါ တိုက်ရိုက်ဖော်ပြလေ့ရှိတယ်ဆိုတဲ့ အချက်တစ်ချက်ကိုတော့ လူအများက မသိကြသေးလို့ပါ။ သိများသိရင်တော့ ဒီမှဲ့တေွက ဒီလိုတေွပါလားဆိုပြီးတော့ အံ့သြော်နေကြမှာ အသေအချာပါပဲ။ ဒီတစ်ခါမှာတော့ မိန်းကလေးတေွရဲ့ ကံကြမ္မာနဲ့ ပတ်သက်နေတဲ့ ထူးဆန်းတဲ့ မှဲ့များအကြောင်းကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ မိန်းကလေးတစ်ယောက်ရဲ့နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတစ်လုံးတည်းရှိလှျင် ဂုဏ်ဓနနှင့်ကျော်စောတဲ့ လင်ယောကျ်ားကို ရတတ်ပါတယ်။ ဒါပေမယ့် အဲဒီမိန်းကလေးဟာ အိမ်ထောင်ဆက် များတတ်တယ်။ သားယောကျင်္ားလေးတေွ ထွန်းကားတတ်တဲ့ မိခင်ပဲ ဖြစ်ပါတယ်။
၂။ မိန်းကလေးတစ်ယောက်ရဲ့ ညာဘက်နားထင် မျက်ခုံး၏ အနီးအနား ပတ်ဝန်းကျင်တွင် မှဲ့ရှိနေလှျင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသောအခါ ချမ်းသာတတ်ပါတယ်။ ပြီးတော့ အဲဒီမိန်းကလေးဟာ အိုဇာတာ ကံကောင်းမည်။ မိမိသြဇာကို နာခံတတ်တဲ့ လင်ယောကျ်ားအား ရတတ်တယ်။ အလုပ်အကိုင် မှန်သမှျကို ကိုယ့်ကပဲ ဦးစီးဦးဆောင် ပြုလုပ်ရတတ်တယ်။ သားယောကျ်ားမေွးပြီး မိမိကို ပြန်အကျိုးပေးတတ်ပါတယ်။

၃။ မိန်းကလေးတစ်ေယောက်ရဲ့ အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝို်က်တွင် မှဲ့ရှိလှျင် မိမိကို ချစ်မြတ်နိုးတဲ့ ယောကျ်ားများ ပေါများတတ်တယ်။ ယောကျ်ားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လှျင် အစွဲအလမ်းစိတ် ကြီးမားတတ်တယ်။
ပြီးတော့ ထိုမိန်းကလေးဟာ အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်တတ်တဲ့သူပဲ ဖြစ်ပါတယ်။
၄။ မိန်းကလေးတစ်ယောက်ရဲ့ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလှျင် စိတ်နု၍ အညှာလွယ်တတ်ပါတယ်။ တစ်ဖက်သား ပြောလာသည့်စကားကို မစဉ်းစားဘဲ လွယ်လွယ်နဲ့ အယုံလွယ်တတ်တယ်။ ဒါပေမယ့် အဲဒီမိန်းကလေးဟာ ယောကျင်္ားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေးခြင်းကိုတော့ အထူးခံရတတ်ပါတယ်။

၅။ မိန်းကလေးတစ်ယောက်ရဲ့ ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလှျင် လူချစ်လူခင်များတတ်တယ်။ ပြီးတော့ စန်းအလွန်ပွင့်တတ််တယ်။အဲဒိမိန်းကလေးဟာ လင်ယောကျာ်းအပေါ်လည်း သစ္စာရှိတတ်တယ်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ မကြာခဏ ကံကောင်းတတ်တဲ့သူလည်း ဖြစ်ပါတယ်။
၆။ မိန်းကလေးတစ်ယောက်ရဲ့ လည်ပင်းတွင် မှဲ့ရှိလှျင် အဲဒီမိန်းကလေးဟာ ဘဝတွင် သူများမတူတဲ့ ချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်ရတတ်တယ်။
ရ။ မိန်းကလေးတစ်ယောက်ရဲ့ ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိ်လှျင် ပင်ပင်ပန်းပန်းနဲ့ သူများတေွလို လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ ဘဝကို အပူအပင်းကင်းကင်း အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါတယ်။

၈။ မိန်းကလေးတစ်ယောက်ရဲ့့ ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီးတော့ များစွာရှိနေလှျင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်တယ်။ ထိုမိန်းကလေးဟာ ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာခြင်း ဖြစ်ရတတ်တယ်။ လောဘရမ္မက် ကြီးတတ်တယ်။ အခန့်မသင့်ရင် မုဆိုးမလည်း ဖြစ်တတ်တယ်။ ကံလည်း ဆိုးတတ်ပါတယ်။
၉။ မိန်းကလေးတစ်ယောက်ရဲ့ ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလှျင် ပစ္စည်းဥစ္စာတေွ ပြည့်စုံတတ်ပါတယ်။ ထိုမိန်းကလေးဟာ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောကျ်ားကိုလည်း ရတတ်တယ်။ သားကောင်း သမီးကောင်းလည်း ထွန်းကားတတ်ပါတယ်။
၁ဝ။ မိန်းကလေးတစ်ယောက် မှဲ့စလွယ် ပါရှိလှျင် ငယ်စဉ်က ဆင်းရဲစေကာမူ ကြီးသောအခါ ချမ်းသာကြွယ်ဝလာတတ်ပါတယ်။ ဗိုလ်ကတော်မယား ဖြစ်တတ်ပါတယ်။ ထိုမိန်းကလေးဟာ လူသိများပြီးတော့ ထင်ရှားကျော်ကြားတဲ့ လင်ယောကျာ်းကို ရတတ်တယ်။ တကယ်လို့ ထိယောကျင်္ားဟာ မည်မှျဆိုးသွမ်းတဲ့ ယောကျင်္ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံနိုင်မည့်လင်ယောကျာ်း ဖြစ်နေတတ်ပါတယ်။ ကဲ ဒါဆို အားလုံးပဲ မိမိရဲ့မှဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ ကောင်းကောင်း မှတ်သားနိုင်ကြပါစေ။
#Ref(အင်တာနက် - မြန်မာရိုးရာဗေဒင်ပညာရပ် ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)