စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

နို့စို့ကလေးငယ်ကို အစာဘယ်လို စကျွေးမလဲ

Posted by Kyaw Lin Han October 19, 2019
S9tjriu2pfpijgfkmder

နို့စို့ကလေးငယ်ကို အသက် ၆လသားအထိ မိခင်နို့ရည်တစ်မျိုးတည်းသာ တိုက်ကျေွးရပါမယ်။ ၆ လပြည့်ပြီးမှသာ နို့အပြင် ဖြည့်စွတ်စာ(အဖက်)စ ကျေွး၍ရပါတယ်။ခြွင်းချက်တချို့သော ကလေးငယ်များသည် နို့တွင် ပါသော အချိုဓာတ်နှင့် မတည့်သောကြောင့် နို့တိုက်လှျင် ၀မ်းပျက်တတ်ပါတယ်။ ကလေးများအတွက် ၄ လအောက် Lactose Free နို့မှုန့်တိုက်ကျေွးလို့ရပြီး စောစီးစွာ ထမင်းရည်၊ ဆန်ပြုတ်တို့ကို ၄ လတွင် စကျေွးရတတ်ပါသည်။

Cy1k56gvappua8q5jvor

ပုံမှန် လူတစ်ယောက် တနေ့လှျင် ထမင်း ၃ ကြိမ်စားသလို ကလေးငယ်ကို တော့ ၃ ကြိမ် ကျေွးဖို့မလိုပါဘူး။ ကလေးငယ်ကို တစ်နေ့ ၂ ကြိမ်ကျေွးရင် လုံလောက်ပါတယ်။ ညနေစာကိုလည်း လေှျာ့ကျေွးသင့်ပါတယ်။ တချို့၆ လသားရှိနေသော်လည်း သေးငယ်နေသေးတဲ့ ကလေးငယ်များကိုတော့ တနေ့ ၁ ကြိမ်သာစ ကျေွးပြီး နှစ် ကြိမ် တဖြည်းဖြည်း ကျေွးပါ။ ညနေ စာကို တော့ ပုံမှန်ထက် လေှျာ့ကျေွးသင့်ပါတယ်။

Clzfzdiqyrlt0e2bfbgp

ကလေးငယ်ကို စကျေွးရင်တော့ ဆန်ပြုတ်ကဲ့သို့ အစာမျိုးစကျေွးသင့်ပါတယ်။ ညအိပ်ချိန် တွင် အစာအိမ် အနားရအောင် ညနေ၅ နာရီ နောက်ပိုင်းမှာတော့ နို့သာ တိုက်ကျေွးသင့်ပါတယ်။ သို့မှလည်း အစာကျေညက် ပါမယ်။ မနက် အိပ်ယာ ထချိန်နှင့် နေ့လည် တစ်ရေးနိုး နို့လညချိန်တွင် သားရည်စာ တစ်ကြိမ်ဆီကျေွးသင့်ပါတယ်။

I243dehaawseyyirvtft

ကလေးအစာစကျေွး၍ ရနိုင်ပြီဖြစ်ကြောင်းသိနိုင်သော အချက်များမှာ ကလေးပါးစပ်ထဲတွင် ပစ္စည်းများ ထည့်တတ်လာခြင်း၊ နို့စို့လှျင်လည်း ဖိကိုက်တတ်ပြီး သားဖုံးများမာနေပြီဖြစ်ကြောင်းသိနိုင်ပါတယ်။ ပါးစပ်နား အစာနီးလာလှျင် ပါးစပ်ပြင်တတ်ခြင်း၊ နို့ မဝတတ်တော့ခြင်း၊ မကြာခဏငိုတတ်ခြင်း၊ အဖက်စားချင်စိတ်ရှိခြင်း၊ လူကြီးများအစာစားနေတာတေွ့ရင် လိုက်ဆွဲတတ်ခြင်း၊ တောင်းတတ်ခြင်း၊ မှန့်ကဲ့သို့ ပျော့ပျော့အစားအစာများကျေွးရင် ပျော်တတ်ခြင်း၊ မိခင်နို့ရည်နဲ့ အခြား နို့ရည်များ တိုက်ကျေွးရင် မျက်နှာလွှဲတတ်ခြင်းတို့ လုပ်တတ်ပါတယ်။

Tmlonez77c8f6wv7ryoo

ကလေးငယ် ၆ လသားမှာ အခြားသော အာဟာရဓာတ်များဖြစ်သော အသားဓာတ်၊ ကစီဓာတ်၊ ကိုယ်ခန္ဓာ ရောဂါကာကွယ်မှုအတွက် လိုအပ်သော ခုခံအားစနစ်အတွက် အာဟာရဓာတ် မိုက်ခရို နျူထရစ်ဓာတ် များဖြစ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ လိုအပ်ပါတယ်။ ၆ လ နှင့် အထက်ကလေးငယ်အတွက် စွမ်းအင် လိုအပ်ချက် ပမာဏ ၁ ဆခွဲ ရှိပြီး အသားဓာတ်လိုအပ်ချက်မှာ ၂ ဆ ကဆီဓာတ် လိုအပ်ချက်မှာ ၂ ဆခွဲ နှင့် သံဓာတ် လိုအပ်ချက်မှာ ၃ ဆ ဖြစ်ပါတယ်။ ထို့အတွက် ဖေဖေ မေမေတို့ ကလိုအပ်တဲ့ အာဟာရအတွက် လိုအပ်တာလေးတေွ ဖြည့်ဆည်းပေးရမယ်နော်။

MIGI

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.