စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

မေွးကင်းစကလေးလေးတေွက တစ်နေ ့မှာ ၀မ်းဘယ်နှစ်ခါသွားတာလဲ?

Posted by Thinzar Win Myint Aung September 9, 2019
Wh7tcqvfiyyhhukky1gh

ကလေးပေါက်စလေးတေွမေွးထားတဲ့ဖေဖေ၊မေမေတေွအနေနဲ ့ကိုယ့်ကလေးလေးရဲ ့အမူအကျင့်တေွ ၊ကျန်းမာရေးနဲ ့တစ်နေ ့ကိုဝမ်းသွားတဲ့အကြိမ်အရေအတွက်က အစ လိုက်မှတ်ရပါပြီ။
ဒီလိုမှတ်ထားတာက ကလေးနေမကောင်းတဲ့အခါမှာ ဆရာဝန်ကမေးရင်ဖြေနိုင်အောင်ပါ။
မိဘတေွက ဆရာဝန်တေွကိုအမေးအများဆုံးကတော့ မေွးကင်းစကလေးလေးတေွက တစ်နေ ့ကိုဝမ်းဘယ်နှစ်ကြိမ်သွားလဲဆိုတာကိုပါ။
မေမေ၊ဖေဖေတို ့သိချင်တာလေးကိုအောက်မှာဆက်ပြောထားမယ်နော်။

မေွးကင်းစကလေးတေွရဲ ့ဝမ်းအခြေအနေ~

Dmqcjuo1pljqtb7s0n90

ကလေးငယ်လေးတေွရဲ ့ဝမ်းအခြေအနေဟာ တစ်ရက်နဲ ့တစ်ရက်ကြီးပြင်းလာတာနဲ ့အမှျအရောင်လေးတေွကွာခြားလာပါတယ်။
မိခင်နို ့သောက်တာနဲ ့နို ့မှုန် ့သောက်တာနဲ ့လဲကွာပါသေးတယ်။
မေွးကင်းစကလေးတေွရဲ ့ပထမဆုံးဝမ်းအရောင်လေးတေွကတော့ အစိမ်းပုတ်ရောင်ဖြစ်ပြီး စေးကပ်ကပ်အနေအထားပါ။
ဒါဟာဘာ့ကြောင့်လဲဆိုရင် မေမေဗိုက်ထဲမှာနေတုန်းက သူတို ့ရဲ ့ကိုယ်ခန္ဓာကချွဲတေွနဲ ့ရေမွှာရည်တေွကြောင့် ဒီအရောင်ဖြစ်တာပါ။
မေွးကာစ ကလေးတေွရဲ ့ဝမ်းဟာဒီအရောင်ပုံမှန်ပဲမို ့စိုးရိမ်စရာမလိုပါ။

၀မ်းအရောင်ပြောင်းလဲမှု~

Cccg8fy77qt2yaotsn55

ကလေးငယ်လေးတေွဟာ မေွးပြီး ၅ရက် ၆ရက်လောက်မှာတော့ ၀မ်းအရောင်က အညိုရောင် ၊အဝါရောင်လေးတေွပြောင်းလာပါတယ်။
ကလေးငယ်ရဲ ့နို ့သောက်ခြင်းအပေါ်မှာပဲမူတည်ပြီး အရောင်လေးတေွပြောင်းပါတယ်။
အမေနို ့သောက်တဲ့ကလေးတေွရဲ ့ကိုယ်သင်းနံ ့လေးတေွဟာ သင်းသင်းလေးဖြစ်ပြီး နို ့ဗူးသောက်တဲ့ကလေးတေွကတော့ လူကြီးတေွနဲ ့ကိုယ်အနံ ့တူပါတယ်။

၀မ်းကပုံမှန် ဟုတ်လား ၊မဟုတ်ဘူးလား?

Ogvnb0a73sgsbte2i7k6

ကိုယ့်ကလေးရဲ ့ဝမ်းအခြေအနေကို မိဘတစ်ယောက်အနေနဲ ့အမြဲကိုလေ့လာနေရပါမယ်။
ကလေးရဲ ့ဝမ်းအပျစ်အကျဲ ၊ အနံ ့၊အရောင်တေွပြောင်းနေပြီဆိုရင်တော့ ဆေးခန်းကိုသွားပြသင့်ပါပြီနော်။

၀မ်းနဲ ့ဆိုင်တဲ့ပြသနာလေးတေွ~

ကလေးလေးရဲ ့ဝမ်းကအရည်တေွများနေရင် ကလေးကဝမ်းပျက်နေတာပါ။
အီးပါတဲ့အချိန်မှာ အရမ်းကိုညှစ်နေရရင်တော့ ကလေးကဝမ်းချုပ်နေတာပါ။
နို ့မှုန် ့သောက်တဲ့ကလေးငယ်တေွမှာလဲ ဓာတ်မတည့်ခြင်းတေွှဖစ်တဲ့အခါ ဒီလိုမျိုးလက္ခဏာတေွကိုပြလေ့ရှိပါတယ်။

တစ်နေ ့ဘယ်နှစ်ကြိမ်ဝမ်းသွားလဲ?

Jjrt493397oue8eejqic

မိခင်နို ့သောက်တဲ့ကလေးငယ်တေွဟာ တစ်နေ ့ကို အနည်းဆုံးဝမ်း၃ကြိမ်၊ ၄ကြိမ်သွားလေ့ရှိပြီး အများဆုံးကတော့ ၆ကြိမ်သွားပါတယ်။
နို ့မှုန် ့သောက်တဲ့ကလေးငယ်တေွကတော့ တစ်နေ ့ကိုတကြိမ်လောက်ပဲသွားလေ့ရှိပါတယ်။

ကိုယ့် ကလေးငယ်ရဲ ့ဝမ်းအရောင်နဲ ့အကြိမ်အရေအတွက်ကို နေ ့စဉ်သေချာမှတ်ထားပေးပါ။
ကလေးဝမ်းတစ်ခုခုပြောင်းလဲတာနဲ ့ဆရာဝန်ကိုချက်ချင်းပြပါနော်.......

TZWMA(Kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.