ကလေးငယ်တစ်ယောက် တစ်ကယ် နို့ ၀ မဝ ဘယ်လိုသိနိုင်မလဲဆိုလှျင် ကလေးငယ်ရဲ့ ကိုယ်အလေးချိန်တိုးတက်မှုရှိ မရှိ ဆန်းစစ်ခြင်းနှင့် ကလေးငယ်ဆီးသွားနှုန်းကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
မေွးခါစမှ ၆လအတွင်း ကလေးငယ်ရဲ့ အလေးချိန်ဟာ တစ်ပတ်လှျင် 0.125 ဂရမ် တိုးရပါမယ်။ တစ်လ လှျင် 0.5 တိုးသင့်ပါတယ်။ မေွးစ ပထမ အပတ်အတွင်း ကိုယ်အလေးချိန် ကျသွားနိုင်သော်လည်း ဒုတိယ အပတ်မှစပြီး တက်ရပါမယ်။ ၁ လမှာ တစ် ကီလိုဂရမ်တော့ မတိုးနိုင်ပါဘူး။ ကလေးတစ်ယောက်ဟာ နို့ဝနေရင် တစ်လမှာ 0.5 ကီလိုဂရမ် တိုးပါတယ်။ ၃ လ ကျော်လှျင် ၃ လမှ တခါ ကိုယ်အလေးချိန် ချိန်သင့်ပါတယ်။ နောက်ပိုင်း တွင် ၃ လ မှ 0.9 ကီလိုဂရမ် တက်ပါတယ်။ တစ်လမှာ 0.5 ကီလိုဂရမ် ထက် နည်းနေရင် နို့ မဝကြောင်း သိနိုင်ပါတယ်။
နောက်တစ်နည်းမှာ မိခင် နို့တစ်မျိုးတည်းသာ စို့ရပြီး နို့ဝလင်စွာ သောက်ရသော ကလေးသည် ၂၄ နာရီတွင် အနည်းဆုံး ဆီး ၆ ကြိမ် ၈ ကြိမ် အထိသွားနိုင်သည်။ ဆီးရည်ကျဲကျဲ သွားမည်။ ဆီးအရောင် အဝါဖျော့ဖျော့ အရောင်ဖြစ်မည်။ အနံ့မရှိရပါ။ နို့မဝသော ကလေးငယ်ဟာ တစ်နေ့မှာ ၄ ကြိမ်ထက် နည်းစွာသွားပြီး နို့မဝသော ကလေး၏ ဆီးသည် ပြစ်ပြီး မနံ့ ပြင်းသည်။ အဝါရင့်ရောင်မှ လိမ္မော်ရောင် ဖြစ်တတ်သည်။
ကလေးငယ်နို့ဝကြောင်းသိနိုင်တဲ့အချက်များကတော့ တစ်နေ့လှျင် နို့အနည်းဆုံး ၈ ကြိမ်ခန့် စို့ရခြင်း။ နို့စို့နေစဉ် နို့စုပ်ယူမှုသည် အားကောင်းပြီး နို့ကိုမြိုချသော အသံကြားရခြင်း၊နို့ဝသွားပါက ကျေနပ်သွားပြီး အိပ်ပျော်ခြင်း၊ နိုးလာလှျင်လည်း စိတ်ကြည်လင်စွာ ပြုံးရွှင်ရွှင်ဖြစ်ခြင်း၊အသားအရည် တင်းရင်း ကျစ်လစ်ခြင်း၊ ကလေးငယ်အား တစ်နေ့လှျင် ၆ ကြိမ်နှင့် အထက် သေးခံ ကိုလဲပေးရခြင်းတို့ ဖြစ်တတ်ပါတယ်။
ကလေးငယ်လေး တစ်နေ့ ၃ ကြိမ် ၈ ကြိမ် တခါတရံ ၁၀ ကြိမ် အထိ အညစ်အကြေးစွန့်ခြင်း၊ မိခင်နို့တိုက်သော ကလေးသည် ဝမ်းပျော့သွားပြီး အရည်မကျဲခြင်း နို့သောက်ပြီးနောက် အညစ်အကြေး စွန့်တတ်ပါတယ်။ ဆီးသွားတတ်ပါတယ်။ ကလေးငယ် ကြီးလာသည်နှင့် အမှျ အညစ်အကြေး စွန့်သော အကြိမ်နည်းသွားနိုင်သည်။မိခင် ခံစားချက်သည်လည်း ကလေးနို့မစို့ခင်တွင် ရင်သားများတင်းကျပ်မှုခံစားရပြီး ကလေးနို့ စို့ပြီးပါက ရင်သား ပျော့ပြောင်းသွားတာကိုခံစားရပါတယ်။ တချို့မိခင်များမှာတော့ ထိုခံစားချက်မျိုးမရှိပါဘူး။
migi