စျေး မီဒီယာ
အခြား

မွေးစကနေ တစ်နှစ်အတွင်း ဘေဘီလေးတွေ ဘယ်လိုဖွံ့ဖြိုးလာသလဲ ??

Posted by May Thaw Htoo August 27, 2022
Ypxuatrlc4qyzedw7mpf

မေမေတို့ရေမွေးစကနေ တစ်နှစ်အတွင်းမှာ သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးမှုတွေဘယ်လိုပုံစံနဲ့ အဆင့်ဆင့်ပြောင်းလဲလာတယ်ဆိုတာကို ကျားလေးက မျှဝေပေးမယ်နော်။

မေမေတို့ရေ မွေးစကနေ ၂ လတွင်းမှာတော့ သားသားမီးမီးလေးတွေက အိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့အနေအထားပဲရှိဦးမှာပါ။ အဲ့ဒီကမှတဆင့် ၂ လကနေ ၄ လတွင်းဆိုရင်တော့ ဝမ်းလျားမှောက်ပြီး ကိုယ်တိုင်ခေါင်းလေးမတ်မတ်နဲ့ နေနိုင်လာပါပြီ။ အသက် ၆ လကနေ ၉ လအထိအရွယ်ဆိုရင်တော့ ကလေးငယ်က ထိုင်နိုင်ဖို့အတွက် ကြိုးစားရင် အဲ့ဒီကာလအတွင်းမှာ ထိုင်နိုင်ကြပါပြီ။ ကလေးတွေက တစ်ဦးနဲ့တစ်ဦး အသက်အလိုက်ဖွံ့ဖြိုးမှုတွေကွာခြားတတ်တဲ့အတွက် ဒီလအပိုင်းအခြားအတွင်းမှာ ထိုင်နိုင်တဲ့ကာလကတော့ တစ်ဦးနဲ့တစ်ဦးတူညီနိုင်မှာမဟုတ်ပါဘူးနော်။

Hkl3puuq2mxpdtv7hw6b

မေမေတို့ရေ ဘေဘီလေးတွေ မတ်တပ်စမ်းတဲ့ကာလကတော့ အသက် ၅ လကနေ ၁၁ လကြားမှာပြုလုပ်တတ်ကြပါတယ်။ ဖွံ့ဖြိုးမှုမြန်တဲ့ကလေးငယ်ကတော့ ၅ လကျော်ကျော်အစောပိုင်းမှာပဲ ထိုင်ပြီးမတ်တပ်စမ်းပေမယ့် ဖွံ့ဖြိုးမှုနောက်ကျတဲ့ကလေးငယ်တွေကတော့ အသက် ၁၁ လလောက်မှသာ မတ်တပ်စမ်းတတ်ကြပါတယ်နော်။ အဲ့ဒီလိုအချိန်မှာတော့ ကလေးငယ်ကို ဘေးကနေ အကိုင်အတွယ်တွေနဲ့ မတ်တပ်စမ်းကျင့်နိုင်အောင် ပြုလုပ်ထားပေးသင့်ပါတယ်။
သားသားမီမီးတို့ လေးဘက်တွားအရွယ်ကတော့ အသက် ၈ လကနေ ၁၂ လအတွင်းမှာ ပြုလုပ်တတ်ကြပါတယ်တဲ့။ ၁၀ လကနေ ၁၂ လဆိုရင်တော့ သူတို့လေးတေွရဲ့ ပထမခြေလှမ်းလေးတွေ စမ်းသပ်ဖို့ လေ့ကျင့်ကြတဲ့ ကာလရောက်နေပါပြီနော်။ ကလေးငယ်တွေအနေနဲ့ လမ်းလေှျာက်စကျင့်ကြမယ့်အချိန်မှာ သူတို့လေးတွေရဲ့အနီးအနား ဖေဖေ၊ မေမေ၊ မိသားစုတွေက စောင့်ကြည့်ပေးဖို့လည်း လိုအပ်ပါတယ်နော်။

မေမေတို့ရေ ဒီဖွံ့ဖြိုးမှုကာလလေးတွေကတော့ ကလေးတစ်ဦးနဲ့တစ်ဦးအနည်းငယ်တော့ ကွာခြားမှုလေးတွေရှိနိုင်ပါတယ်နော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.