မေမေတို့ရေ ကိုယ်ဝန်ဆောင်မေမေဘဝရောက်ပြီဆိုရင် ကန်စွန်းဥများများစားသင့်ပါတယ်တဲ့။ အချို့ရုပ်ရှင်တွေမှာဆိုရင် ကိုယ်ဝန်ဆောင်ဖို့အတွက်နဲ့ ကိုယ်ဝန်ရှိပြီဆိုတာ သိတဲ့အချိန်မှာ ကန်စွန်းဥကျွေးတာမျိုး တွေ့ဖူးကြတယ်ဟုတ်။ ဘာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ ကန်စွန်းဥစားသင့်တာလဲဆိုတာကို ကျားလေးက မျှဝေပေးမယ်နော်။
မေမေတို့ရေ ကန်စွန်းဥမှာ ကြွယ်ဝစွာပါ၀င်တဲ့ ဗီတာမင်အေက သားအိမ်အားကောင်းစေပါတယ်တဲ့။ အဲ့ဒါကြောင့် ကိုယ်ဝန်ရချင်တဲ့ မေမေတွေကို ကန်စွန်းဥကျွေးတာ၊ ကိုယ်ဝန်ဆောင်ပြီဆိုတာသိတဲ့အချိန်မှာ ကန်စွန်းဥစားတာတွေ ပြုလုပ်ကြတာနေမယ်နော်။ နောက်ပြီး ကန်စွန်းဥမှာ ဗီတာမင်စီနဲ့ သံဓာတ်လည်း ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မေမေရဲ့ ကျန်းမာရေး၊ သန္ဓေသားရဲ့ကျန်းမာရေးအတွက် အများကြီး အထောက်အပံ့ဖြစ်စေပါတယ်။ ကန်းစွန်းဥမှာပါဝင်တဲ့ အမျှင်ဓာတ်က ကိုယ်ဝန်ဆောင်မိခင်ဘဝ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်အတွက်လည်း ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်တဲ့။ သန္ဓေသားကြီးထွားဖွံ့ဖြိုးဖို့နဲ့ ကိုယ်ဝန်ဆောင်မေမေရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အားအင်တွေကို ရစေနိုင်တယ်လို့လည်းဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သွေးနီဥဆဲလ်တွေ ဖွံ့ဖြိုးဖို့အတွက်ကတော့ ကန်စွန်းဥမှာပါ၀င်တဲ့ ဗီတာမင်ဘီစစ်က အထောက်အပံ့ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း ကန်စွန်းဥစားပေးတဲ့ မေမေတွေဟာ ကိုယ်တိုင်အတွက်ရော သန္ဓေသားအတွက်ပါ ကျန်းမာဖွံ့ဖြိုးစေတာမို့ မွေးဖွားရလွယ်ကူစေတဲ့အပြင် ကလေးရဲ့ကျန်းမာရေးအတွက်လည်း စိတ်ချလုံခြုံစေနိုင်ပါတယ်နော်။
ဒီနေ့ကစပြီး ကန်စွန်းဥများများစားရအောင်နော် မေမေတို့ရေ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး