မေမေတို့ရေ ကလေးငယ်လေးနဲ့ နို့တိုက်မေမေဘဝရောက်ချိန် ညည သားသားမီးမီးလေးနို့တိုက်ရလို့တင် အိပ်ပျက်ရတာမဟုတ်ပါဘူးနော်။ ကိုယ်ဝန်ဆောင်မိခင်ဘဝမှာကတည်းက အိပ်ပျက်ရတဲ့ ညတွေရှိနေတတ်ကြတယ်မဟုတ်လား။ အဲ့ဒီလို ကိုယ်ဝန်ဆောင်ဘဝအိပ်ရေးပျက်ရတဲ့ညဘက်တွေကို လွတ်မြောက်နိုင်စေဖို့အတွက် ဘယ်လိုနည်းလမ်းလေးတွေ လိုက်နာဆောင်ရွက်ရမလဲဆိုတာကို ကျားလေးရဲ့ မေမေတွေကို မျှဝေပေးလိုက်ပါတယ်နော်။
- ညဘက်မအိပ်မီမှာ ရေနွေးနွေးလေးနဲ့ ရေချိုးသင့်ပါတယ်။ တကယ်လို့ရေမချိုးနိုင်ခဲ့ရင်တော့ ရေပတ်ပေးတာမျိုးပြုလုပ်သင့်ပါတယ်။
- အိပ်ခါနီးဖုန်းကြည့်တာ၊ တီဗွီကြည့်တာတွေမပြုလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် မီးပိတ်အိပ်ပါ။ အိပ်ယာအနီးနားမှာ ဖုန်းအပါအဝင် အီလက်ထရောနစ်ပစ္စည်းတွေမရှိပါစေနဲ့။
- အိပ်ယာမဝင်မီ နှစ်နာရီလောက်အလိုမှာ ကော်ဖီ၊ အချိုရည်၊ ၀ိုင် စတာတွေကို သောက်သုံးခြင်းမပြုပါနဲ့။
- အိပ်မပျော်တဲ့ညတွေ ရက်ဆက်လာပြီဆိုရင်တော့ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်ဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီးသောက်သုံးပေးပါ။ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် အဲ့ဒီဓာတ်တွေချို့တဲ့ရင် အိပ်ပျက်တာတွေဖြစ်တတ်ပါတယ်။
- ဖြစ်နိုင်ရင်တော့ ကိုယ်ဝန်ဆောင်ခေါင်းအုံးကိုအသုံးပြုပြီးအိပ်စက်ပါ။ သာမာန်အိပ်စက်မှုထက်ပိုမိုပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
- ကောင်းမွန်စွာအနားယူတတ်ပါစေ။
- နွားနို့တစ်ခွက်နေ့စဉ်သောက်ပေးပါ။ အိပ်ပျော်စေဖို့အထောက်အကူပေးပါတယ်။
- မအိပ်မီမှာ အိပ်ယာတစ်ပတ်လမ်းလျှောက်တာမျိုးလို ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလေးပြုလုပ်ပေးပါ။
- ကိုယ်ဝန်ဆောင်မေမေဘဝမှာ ရုပ်ရှင်တွေကြည့်ခဲ့မယ်ဆိုရင်တော့ ပျော်စရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုသာ ရွေးချယ်ကြည့်ရှုပေးပါ။ တစ်ခါတစ်ရံမှာ ကိုယ်ကြည့်ခဲ့တဲ့ရုပ်ရှင်၊ ဇာတ်လမ်းတွေကြောင့်လည်း အိပ်မပျော်တာမျိုးဖြစ်တတ်ပါတယ်နော်။
မေမေတို့ရေ အိပ်ပျော်မှလည်း အားအင်တွေရှိပြီး ဝမ်းဗိုက်ထဲကရင်သွေးလေးကောင်းမွန်စွာ ဖွံ့ဖြိုးလာနိုင်မှာပါနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး