စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေးငယ်လေးများအတွက် သံဓာတ်ကြွယ်ဝသော အစားအစာများ

Posted by Kyaw Lin Han October 20, 2019
Trad4yrnjq0g9ka9sdgh

ကလေးငယ်လေးများအတွက် သေွးလည်ပတ်မှုအားကောင်းစေရန်နှင့် တနေ့တာလုပ်ဆောင်ချက်များအတွက် လိုအပ်သော စွမ်းအင်ကို ဖြည့်တင်းနိုင်ရန်အတွက် မေမေများက အစားအစာများ စီစဉ်ပေးရာမှာ အဆင်ပြေစေရန် ကျားလေးမှ အစားအစာအချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

Rvwvl4nm9pskxtxeeg70

သံဓာတ်အားနည်းတဲ့ကလေးငယ်ဟာ သေွးအားနည်းသောကြောင့် အားနည်းခြင်း၊ မူးဝေခြင်းများဖြစ်တတ်ပါတယ်။ သံဓာတ်ဖြည့်တင်းရန် အကောင်းဆုံးအစားအစာကတော့ အနီရောင်ရှိသော အသားများပါပဲ။ခြေလေးချောင်းရှိသော သတ္တဝါအများစုရဲ့အသားများဟာ အနီရောင်ရှိသော အသားများဖြစ်ပြီး သံဓာတ်ကြွယ်ဝပါတယ်။ ကလီစာများထဲမှာတော့ အသည်းဟာ သံဓာတ် အပြည့်ဝဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ သို့ပေမယ့် အနီရောင်ရှိသော အသားများဟာ ပြည့်ဝဆီများပြားတဲ့အတွက် နေ့စဉ်စားသုံးရန် မသင့်လျော်ပါဘူး။

Tf72ihig315p2lxf2rgh

အသားဖြူများဖြစ်သော ဝက်သားများနဲ့ ကြက်သားများဟာလည်း ပရိုတင်းဓာတ်ကြွယ်ဝသလို သံဓာတ်လည်း ကြွယ်ဝပါတယ်။ အနီရောင် အသားများကဲ့သို့ ပြည့်ဝဆီမများပြားတဲ့အတွက် စားသုံးရန်သင့်လျော်ပါတယ်။ဥများဟာလည်း ကလေးငယ်များလိုအပ်သော သံဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့အတွက် အသားကျေွးရန် အဆင်မပြေသော ကလေးငယ်လေးများကို ဥများကျေွးနိုင်ပါတယ်။

Qbxhdqg9kuqzhi5wkkqq

ပင်လယ်စာများဟာလညး် သံဓာတ်ကြွယ်ဝသော အစားအစာများဖြစ်တဲ့ အတွက် ကျေွးပေးနိုင်ပါသေးတယ်။တူနာ၊ ငါးသေတ္တာနဲ့ ငါးသလောက်တို့ဟာ သံဓာတ်ကြွယ်ဝသော ငါးများဖြစ်သလို အိုမီဂါ 3 ပါဝင်တဲ့အတွက် ကလေးငယ်လေးများ ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူပြုပါသေးတယ်။

Vchcxvypapyc28xkhrsb

သက်သက်လွတ်စားသော သူများအတွက်တော့ အစိမ်းရင့်ရောင်ရှိသော အရွက်များဟာ သံဓာတ်ကြွယ်ဝသော အစားအစာများဖြစ်ပြီး ပဲအမျိုးမျိုးကိုလည်း ကျေွးပေးနိုင်ပါသေးတယ်။ ပဲမကြိုက်တတ်သော ကလေးငယ်များအတွက်တော့ တို့ဟူးကိုကျေွးနိုင်ပြီး မြေပဲယိုဟာလည်း ကလေးငယ်လေးများကြိုက်နှစ်သက်မယ့် အစားအစာပါပဲ။သံဓာတ်က ကလေးငယ်လေးများ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့အတွက် မေမေတို့က ပြင်ဆင်ပေးရမယ်နော်။

#MIGI

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.