စျေး မီဒီယာ
အခြား

အသက် (၆) လပြည့်လို့ ဖြည့်စွက်စာ စကျွေးမယ့် ပထမ ၇ ရက် ..

Posted by May Thaw Htoo September 4, 2022
Rt38bdlkwzy2dzqgffqi

မေမေတို့ရေ သားသားမီးမီးလေးတွေကို အသက် ၆ လမတိုင်မီအထိ မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ကျွေးဖို့လိုပါတယ်။ ၆ လပြည့်ပြီးပြီဆိုရင်တော့ ဖြည့်စွက်စာကို စတင်ကျွေးတော့မယ့်အချိန်မှာ စစချင်းကျွေးဖို့အတွက် နည်းလမ်းလေးတွေ လိုအပ်ပါတယ်။ ဘယ်လိုနည်းလမ်းလေးတွေနဲ့ ကျွေးမွေးနိုင်မလဲဆိုတာ ကျားလေးရဲ့မေမေတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။

- ပထမဆုံးစကျွေးတဲ့ရက်မှာတော့ ပန်းသီးအနှစ်လိုမျိုး အချိုပေါ့ပေါ့ဖြည့်စွက်စာကို စားပွဲဇွန်းတစ်ဇွန်းစာကျွေးရပါမယ်။ (ဖြည့်စွက်စာထဲမှာ မိခင်နို့လေးရောပြီးကျွေးနိုင်ရင်ပိုကောင်းပါတယ်။)
- ဒုတိယနေ့မှာတော့ ပန်းသီးအနှစ်ဖြည့်စွက်စာကို နှစ်ဇွန်းစာနှစ်ကြိမ်ကျွေးရပါမယ်။
- တတိယနေ့မှာတော့ ပန်းသီးအနှစ်ဖြည့်စွက်စာကို သုံးဇွန်းစာ နှစ်ကြိမ်ကျွေးရပါမယ်။
- စတုတ္ထနေ့မှာတော့ အခြားအသီးအရွက်လေးတွေကို စတင်ကျွေးလို့ရပါပြီ။ မုန်လာဥနီအနှစ်၊ မုန်လာဥနီဖျော်ရည်တွေကို တစ်နေ့အတွက် စားပွဲဇွန်းတစ်ဇွန်းစာ စတင်ကျွေးလို့ရပါပြီနော်။
- ပဥ္စမနေ့မှာကတော့ မုန်လာဥနီအနှစ်၊ မုန်လာဥနီဖျော်ရည်ကို စားပွဲဇွန်းနှစ်ဇွန်းစာ တစ်နေ့နှစ်ကြိမ်ကျွေးလို့ရပါတယ်။
- ဆဌမနေ့ရောက်ရင်တော့ မုန်လာဥနီအနှစ်၊ ဖျော်ရည်ကို စားပွဲဇွန်းသုံးဇွန်းစာတစ်နေ့နှစ်ကြိမ်ကျွေးပေးလို့ရပါတယ်။
- သတ္တမနေ့မှာတော့ မနက်ပိုင်းမှာ ပန်းသီးအနှစ်နဲ့ ညနေပိုင်းမှာ မုန်လာဥနီအနှစ်ကို ကျွေးလို့ရနေပါပြီနော်။

မေမေတို့ရေ ဒီအစပထမ ၇ ရက်ပြီးရင်တော့ သားသားမီးမီးလေးတွေအတွက် အခြားအသီးအရွက်လေးတွေကို ရောစပ်ပြီး ထမင်းလေးနဲ့အတူ ဖြည့်စွက်စာအနှစ်လေးတွေ ပြင်ဆင်ပေးနိုင်ပါပြီနော်။ အချို့တွေကတော့ ဖြည့်စွက်စာစတင်ကျင့်တဲ့အချိန်မှာ ဆန်အနှစ်လေးကို မိခင်နို့လေးနဲ့ရောပြီးကျွေးတာမျိုးလည်းရှိပါတတ်ပါတယ်နော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.