စျေး မီဒီယာ
အခြား

သားအိမ်ထုတ်ပြီးနောက်ပိုင်း သင့်ကျန်းမာရေးကို ဘယ်လို ဂရုစိုက်ကြမလဲ

Posted by Zaw Lin Aung September 14, 2019
I3wffi3nw2tfmnet3byt

သားအိမ်အတွင်း အလုံးအကျိတ်ဖြစ်လို့၊ ရာသီသေွးဆင်း နာကျင်မှုတေွခံစားရလို့၊ ကင်ဆာရှိနေလို့စတဲ့ ဘယ်အကြောင်းရင်းတေွကြောင့်ပဲ ဖြစ်ဖြစ် သားအိမ်ထုတ်ရပြီဆိုတာဟာ အကြီးစား ခွဲစိတ်မှုပါပဲ။ ဒါ့ကြောင့် ခွဲစိတ်မှုနောက်ပိုင်း ကာယကံရှင်ရဲ့ကျန်းမာရေးအခြေအနေ၊ ခွဲစိတ်မှုနည်းလမ်းတို့ကိုမူတည်ပြီးတော့ ပြန်လည်ကျန်းမာမယ့်ကြာချိန် ကွာခြားနိုင်ပါတယ်။ ခွဲစိတ်ကုသမှုကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းဂရုစိုက်မှုက မကောင်းခဲ့ရင်တော့ ပြန်လည်သက်သာဖို့အတွက် အချိန်ပိုကြာနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ သားအိမ်ထုတ်ပြီးနောက်ပိုင်း ကျန်းမာရေးအတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

Pgjzxfzm2qktbvfhiqjx

၁။ ကိုယ်လက်လှုပ်ရှားမှုနဲ့ အနားယူခြင်းကို ထိန်းညှိနေထိုင်ပါ
-----------------------------------------------------------------

ခွဲစိတ်မှုနောက်ပိုင်းမှာ နားနားနေနေ နေရမယ်ဆိုပေမယ့် လုံးဝမလှုပ်ရဲဘဲ ငြိမ်နေတာလည်း မကောင်းပါဘူး။ အနီးအနား လမ်းလေှျာက်တာလောက် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးတေွကလည်း ခန္ဓာကိုယ်ကို ပြန်လည်ကုစားပေးနိုုင်စွမ်းရှိပါတယ်။ ကိုယ်နိုင်သလောက် အတိုင်းအတာကို ဖြည်းဖြည်းချင်း စမ်းလုပ်ကြည့်ပါ။ မခွဲစိတ်ခင်ကထက်တော့ ပိုပင်ပန်းရ၊ ပိုဂရုစိုက်ရနိုင်ပေမယ့် ခဏလောက်နားနားပြီးတော့ လှုပ်ရှားပေးလို့ ရပါတယ်။

Agpc5esph1xli72xm4kj

၂။ အလေးအပင်တေွ မ မပါနဲ့
---------------------------------

ခွဲစိတ်ပြီးတော့ အနည်းဆုံး ၆ ပတ်လောက် အတွင်းတော့ အလေးအပင်တေွ မ မပါနဲ့။ အနာချုပ်ရိုး ပြန်ကွဲသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လှုပ်ရှားမှုလိုတယ်ဆိုပေမယ့် ခွဲစိတ်ပြီး အနည်းဆုံး ၆လအတွင်းမှာတော့ သိပ်ပြီးအားစိုက်ရတဲ့ လှုပ်ရှားမှုတေွ၊ အိမ်အလုပ်တေွကို မလုပ်ပါနဲ့။

Xs4lggk6jooodwazowrr

၃။ အာဟာရပြည့်ဝမှျတအောင် စားပါ
----------------------------------------

အားရှိအောင် စားပါဆိုတာက တေွ့သမှျအကုန်် အများကြီးစားဖို့ မဟုတ်ပါဘူး။ အာဟာရကြွယ်ဝတဲ့ အစားအစာမျိုးစုံကို ညီညွတ်မှျတအောင် စားတတ်ဖို့ အရေးကြီးပါတယ်။ ဥပမာ အသားဓာတ်၊ အမှျင်ဓာတ်၊ အကျိုးပြုအဆီဓာတ်တေွ(အစေ့အဆန်တေွ၊ငါး) ပါဝင်တဲ့ အစာအာဟာရတေွကို စားပါ၊ တစ်နေ့ရေ ၈ ခွက် သောက်ပါ။ ခွဲစိတ်မှုနောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် အမျျင်ဓာတ်က အရေးကြီးပါတယ်။ ရေသောက်နည်းလို့၊ လှုပ်ရှားမှုမရှိလို့၊ အမျျင်ဓာတ်မစားလို့ ဝမ်းချုပ်ခဲ့ရင်တော့ ဝမ်းပျော့ဆေးတေွ သောက်ရနိုင်ပါတယ်။

Ta3jdsxgnxcyuljb3afv

၄။ ချုပ်ရိုးကို သန့်ရှင်းမှု ဂရုစိုက်ပါ
------------------------------------

ခွဲစိတ်မှုနောက်ပိုင်းမှာ အနာချုပ်ရိုးရောဂါပိုး မဝင်စေဖို့အတွက် အရေးကြီးပါတယ်။ ခွဲစိတ်ပြီးကာစမှာ အနာကိုရေမထိစေဖို့ သေချာ ဂရုစိုက်ရပါမယ်။ ဖုန်နဲ့အညစ်အကြေးတေွ မကပ်ငြိအောင် သေချာ ဂရုစိုက်ရမယ်၊ မပွန်းပဲ့စေဖို့ သတိထားရမယ်။ ချုပ်ရိုးမှာ နီမြန်းလာတာ၊ ရောင်ရမ်းလာတာ၊ အရည်ထွက်လာတာ တေွ့ရရင်တော့ အနာပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတေွှဖစ်လာရင် ဒါမှမဟုတ် ကိုယ်ပူလာရင် ဆရာဝန်ကို ပြန်ပြပါ။

Pb6z969w36c0xznobqel

၅။ အပြောင်းအလဲတေွကို လက်ခံပေးပါ
------------------------------------------

သားအိမ်ခွဲထုတ်ပြီးနောက် ပထမရက် အနည်းငယ်အတွင်း အဖြူဆင်းတတ်တာက ပုံမှန်ပါပဲ၊ တစ်ခါတလေ သေွးဆင်းတတ်ပါတယ်။ တစ်ရက် နှစ်ရက်ကနေ ရှစ်ပတ်လောက်အထိ ဖြစ်နိုင်ပါတယ်။ သားဥအိမ်ဖယ်ထုတ်တာ အပါအဝင် သားအိမ်တစ်ခုလုံး ဖယ်ထုတ်လိုက်ရပြီးနောက် အရေပြားမှာ ပူရှိန်းရှိန်းခံစားရတာ၊ ညဘက်ချေှးထွက်တာ၊ မိန်းမကိုယ်ခြောက်သေွ့တာ တို့လို သေွးဆုံးလက္ခဏာတေွလည်း ခံစားရနိုင်တယ်။ ဒါ့အပြင် စိတ်ကျခြင်း၊ အစာစားချင်စိတ်နည်းခြင်း၊ ပိုပင်ပန်းလွယ်လာခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒါတေွအကုန်လုံးက လျော့ပါးမသွားဘဲ တာရှည်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြန်ပြီးတော့ တိုင်ပင်သင့်ပါတယ်။ အားလုံးပဲ ကျန်းမာတဲ့ဘဝကို အမြဲပိုင်ဆိုင်နိုင်ကြပါစေ။
#Ref( ယုစန္ဒီနန်း - ပန်းနာရင်ကြပ်နဲ့ ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.