
ကျန်တဲ့နေရာက မဝပေမယ့် ဗိုက်မှာ အဆီတေွစုနေတာက တကယ်ကို မအီမသာဖြစ်စရာပါပဲ။ ပြီးတော့ နေရတာကလည်း မလွယ်ကူပါဘူး။ ၀မ်းဗိုက်အဆီတေွကို ဖယ်ရှားဖို့အတွက်တော့ တကယ်ကို ခက်ခဲပါတယ်။ အဲဒီအတွက် ကိုယ်လက်လေ့ကျင့်ခန်းတေွသာမက အဆီတေွကို လည်း ကောင်းကောင်း ဖယ်ရှားပေးနိုင်မယ့် ဖျော်ရည်ကို အိမ်မှာပဲ လုပ်ပြီးတော့ သောက်သုံးပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီသဘာဝအဆီကျဖျော်ရည်ကိုတော့ ညအိပ်ယာမဝင်ခင် ၁နာရီ အလိုကျမှ သောက်ပေးရမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဝမ်းဗိုက်က အဆီတေွကို သိသိသာသာ ကျစေတဲ့ သဘာဝအဆီကျဖျော်ရည်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း
-------------
သံပုယိုသီး ၁ လုံး (အရည်ညှစ်ပါ)
ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရှလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
သစ်ကြမ်းပိုးခေါက်မှုန့် အနည်းငယ်
ရေ လီတာဝက်
နံနံပင်အနည်းငယ်

ပြုလုပ်နည်း
-------------
အရင်ဦးဆုံး ခွက်တစ်လုံးထဲမှာ ရေကို ပွက်ပွက်ဆူအောင် သယ်ပြီး ပါ၀င်ပစ္စည်းတေွအားလုံးကို ရောလိုက်ပါ။ ပြီးရင် အပူချိန်လေှျာ့ပြီးတော့ ခဏလောက် သယ်ထားပေးပါ။ အဲဒီနောက် မီးဖိုပေါ်က ချပြီးတော့ သေချာ မေွှပေးပါ။ ပြီးတာနဲ့ ခွက်တစ်လုံးထဲ လောင်းထည့်ပြီး ညအိပ်ယာမဝင်ခင် တစ်နာရီအလိုကျမှ သောက်ပေးရမှာပါ။ ဒီသဘာဝအဆီကျဖျော်ရည်ကို ပုံမှန်သောက်ပေးသွားခြင်းအားဖြင့် ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကိုလည်း မြင့်တင်ပေးနိုင်သလို အဆီကိုလည်း သိသိသာသာ ကောင်းကောင်း ကျစေပါတယ်။ အားလုံးပဲ ခန္ဓာကိုယ်မိုက်မိုက်လေးနဲ့ အမြဲလှကြပါစေ။
#Ref(အင်တာနက် - ကျန်းမာရေးနဲ့အလှအပ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)