
ကလေးငယ်လေးများ မေွးစမှာတော့ ကောင်းကောင်းငိုလေ ဆရာဝန်များက ကြိုက်ကြလေပါပဲ။မိခင်ရဲ့ ဝမ်းဗိုက်အတွင်းကြာရှည်စွာနေခဲ့ပြီး အပြင်လောက ကို ရောက်ချိန်မှာ အဆုတ်အတွင်းလေများများ ဝင်ရန်လိုအပ်လို့ပဲဖြစ်ပါတယ်။ မေွွးမေွးချင်းကောင်းကောင်း မငိုရင််တော့ စိတ်ပူရပါတယ်။ နို့စို့တာ၊ အိပ်တာနဲ့ ငိုတာက လွဲလို့ ဘာမှမလုပ်တတ်တဲ့ ကလေးငယ်လေးဟာ သူခံစားရသမှျကို ငိုခြင်းဖြင့်ပဲ ဖော်ပြလေ့ရှိပါတယ်။

ကလေးငယ်လေးများ ခဏခဏ ငိုလို့လဲ အမေများ အဖေများ နေ့စဉ်အိပ်ရေးပျက်ကြရပါတယ်။ ကလေးငယ်လေးများ ဘာအတွက်ကြောင့် ငိုတတ်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ကလေးငယ်များဟာ ဗိုက်ဆာသော အခါမှာလည်းငို တတ်ပါတယ်။ မေွးခါစ ကလေးငယ်အတွက် အစားအစာက မိခင်နို့ရည်တစ်မျိူးတည်းသာရှိပါတယ်။ ဒါကြောင့် သူတို့လေးတေွဆာလောင်ချိန်မှာ ချက်ချင်း နို့ မစိို့ ရရင် ကလေးငယ်လေးတေွဟာ ငိုတတ်ပါတယ်။

နို့စို့နေချိန်နဲ့ ပြီးချိန်မှာ ကလေးငယ်ကို ခပ်ဖွဖွလေး ကျောပုတ်ပြီး လေတက်အောင် လုပ်ပေးဖို့လိုအပ်ပါတယ်။ လေထခြင်းနဲ့ အစာမကြေခြင်းကြောင့်လည်း ကလေးငယ် အများစုဟာ ငိုကြေွးတတ်လို့ပါပဲ။ သေးစိုဘောင်းဘီ၊ အနှီးများကလည်း ကလေးငယ်လေးများကို နေရခက်စေပြီး ငိုကြေွးစေပါတယ်။ ထို့အတွက် ကလေးငယ်လေးကို သန့်ရှင်းရေးလုပ်ပေးပြီး လဲလှယ်ခြင်းတေွလုပ်ပေးသင့်ပါတယ်။

ပင်ပန်းနေတဲ့ကလေးငယ်ဟာလည်း ငိုပြီး ဂျီကျတတ်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်ဟာ လုံလုံလောက်လောက် အိပ်စက် အနားယူရန်လိုအပ်ပါတယ်။မေွးကင်းစ ကလေးငယ်ရဲ့ နေ့စဉ် အိပ်စက် အနားယူချိန်ဟာ ၁၆ နာရီ အထက်ရှိသင့်ပါတယ်။ ကလေးငယ်အများစုက မိဘ ဒါမှမဟုတ် အုပ်ထိန်းသူက ထေွးပေွ့ထားရင် သူတို့အတွက် လုံခြုံပြီး စိတ်ချမ်းသာမှုရရှိစေတယ်လို့ထင်တဲ့အတွက် ကလေးငယ်လေးများငိုတဲ့အချိန်မှာ ချီပြီးချော့မြူခြင်းများလည်း လုပ်သင့်ပါတယ်။

ကလေးငယ်များဟာ လှုပ်လှုပ်ရှားရှားနေချင်ကြတဲ့အခါမှာလည်း ငိုတတ်ကြပြီး ကလေးငယ်လေးများဟာ အပစ်ခံထားရတယ်လို့ခံစားရပြီး အထီးကျန်နေတယ်လို့ ခံစားရရင်လည်း ငိုကြေွးတတ်ပါတယ်။ ပူလွန်းအေးလွန်းသော အခါမှာလည်း ကလေးငယ်လေးဟာ နေရထိုင်ရ ခက်ခဲတဲ့ အတွက် ငိုတတ်ပါသေးတယ်။ ဆူညံသော အသံများကြောင့် ကလေးငယ် ထိတ်လန့်ခြင်းကြောင့်လည်း ကလေးငယ်များ ငိုတတ်ပါသေးတယ်။ ထိုအချက်လေးများက ကလေးငယ်လေးများငို၍ အိပ်မရသော မိဘများကို ်အထောက်အကူပေးနိုင်မယ်လို့ထင်ပါတယ်နော်။
MiGi