
ကလေးငယ်လေးများကို ၆ လသားအထိ မိခင်နို့ရည်တစ်မျိုးတည်းတိုက်ကျေွးရုံဖြင့် ကလေးငယ်အတွက်လိုအပ်သော အာဟာရများကိုုဖြည့်တင်းပေါ်နိုင်ရုံသာမက ကလေးငယ်လေးများကို ရောဂါများကူးစက်ခြင်းမှကာကွယ်ရန်အတွက်လိုအပ်သော ကိုယ်ခံအားကိုပါ မြှင့်တင်ပေးပါတယ်။ ကလေးငယ်လေးဟာ ၆ လသားကျော်လာချိန်မှာတော့ မိခင်နို့ရည်တစ်မျိူးတည်းက မလုံလောက်တော့ဘဲဖြည့်စွတ်စာများ စကျေွးဖို့လိုအပ်လာပါတယ်။

ဖြည့်စွတ်စာများထဲကမှ ကလေးငယ်များရဲ့ ကျန်းမာရေးကို ကောင်းကျိုးများစွာပေးတဲ့ အသီးခြောက်များအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ အသီးခြောက်များကတော့ အသီးများမှ အစိုဓာတ်များကို ထုတ်ယူထားသော အစားအစာများသာဖြစ်ပါတယ်။ ကလေးငယ်များစားသုံးရန်သင့်လျော်ပြီး ဂရုပြုစရာလေးများတော့ရှိပါတယ်။ သစ်သီးခြောက်များဟာ သကြား တစ်လွှာထည့်ထားတတ်သောကြောင့် စားပြီးချိန်သွားများ မပျက်စီးစေရန် သေချာဆေးကြောဖို့တော့ လိုအပ်ပါတယ်။ ကလေးငယ်လေးများ စားရာမှာ အခက်အခဲမရှိစေရန် သင့်လျော်သော အနေအထားမှာ ပြင်ဆင်ပေးရန်လည်း လိုအပ်ပါတယ်။

သစ်သီးခြောက်စားသုံးခြင်းက သေွးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။ အကြောင်းကတော့ သစ်သီးခြောက်များမှာ သံဓာတ််ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခန္ဓာအတွင်းရှိ ဟေမိုဂလိုဘင်ဓာတ်ကို မြှင့်တင်ပေးလို့ပါပဲ။ သစ်သီးခြောက်များစားပေးခြင်းက ကလေးငယ်လေးများလှုပ်ရှားသွားလာရန်အတွက်လိုအပ်သော စွမ်းရည်ကိုလည်း မြှင့်တင်ပေးပါသေးတယ်။

သစ်သီးခြောက်များဟာ အမှျင်ဓာတ်လည်း ကြွယ်ဝသောကြောင့် ကလေးငယ်လေများရဲ့ အစာချေဖျက်ခြင်းကိုလည်းကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။ သစ်သီးခြောက်များမှပါဝင်တဲ့ အန်တီအောက်ဆီးဒန့်က ကလေးငယ်များကို ကင်ဆာရောဂါ အတော်များများမှလည်းကာကွယ်ပေးပါသေးတယ်။ အိုမီဂါ 3 လည်း ပါဝင်တဲ့အတွက် ကလေးငယ်များရဲ့ ဦးနေှာက်လုပ်ဆောင်ရည်ကိုလည်း တိုးတက်ကောင်းမွန်စေပါသေးတယ်။

ကောင်းကျိုုးများစွာပေးတဲ့သစ်သီးခြောက်များကို ကျေွးနေကျအစားအစာများနဲ့ တွဲဖက်ကျေွးနိုင်ပြီး အရသာကောင်းမွန်တဲ့အတွက် ကလေးငယ်များလည်း စားသုံးရကြိုက်နှစ်သက်ကြမှာ အသေအချာပါပဲ။
MiGi