မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ ကိုယ့်ရဲ့ရင်သွေးလေး မိခင်ဗိုက်ထဲမှာ ကျန်းမာပြီး သန္ဓေမြဲနေစေဖို့အတွက် မေမေတို့က ဂရုစိုက်ဖို့လိုပါတယ်နော်။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ သန္ဓေသားပျက်ကျမှုအများဆုံး ဖြစ်ပွားတတ်တဲ့အချိန်တွေကတော့ ကိုယ်ဝန်ဆောင်စဉ်ကနေ ပထမသုံးလအတွင်း အရမ်းနုတဲ့အချိန်မှာ အများဆုံးဖြစ်ပွားတတ်တယ်လို့ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ သဇင်ညွန့်နဲ့ မေ့ရင်သွေးမဂ္ဂဇင်းအင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။
ဒီလိုတွေခံစားရင် ဆရာဝန်ဆီချက်ချင်းသွားပေးပါ မေမေ
မေမေလောင်းတို့ရေ တကယ်လို့များ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်နာတာ၊ ဗိုက်အောင့်တာ၊ သွေးဆင်းတာမျိုးတွေရှိခဲ့မယ်ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆရာမတွေဆီကို ချက်ချင်းသွားပေးပါနော်။ ဒါမှလည်း ကလေးလေးတွေအတွက် ပိုပြီးစိတ်ချရမှာမို့လို့ ဂရုစိုက်ပေးပါနော်။
မေမေတို့ရေ ဒါတွေကိုရှောင်ပေးပါနော်
မေမေလောင်းတို့ရေ တကယ်လို့များကိုယ်ဝန်ဆောင်ထားရနေပြီဆိုရင်တော့ ကိုယ်ဝန်နုနယ်စဉ်မှာ အမျိုးသားနဲ့ လိင်မဆက်ဆံသင့်ဘူးနော်။ ဖေဖေတို့ကိုလည်း နားလည်အောင် ပြောပြထားပေါ့နော့။ နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ လူထူထပ်တဲ့နေရာတွေကို သွားလာတာမျိုးရှောင်ရှားသင့်ပါသေးတယ်။ နေကောင်းဖို့လည်းကျန်းမာရေးကို ဂရုစိုက်ပါနော်။ မေမေတို့မှာ ဝမ်းပျက်ခဲ့ရင် ကလေးလေးမှာလည်း အဆင်မပြေဖြစ်တတ်လို့ပါ။ အခန့်မသင့်လို့ နေမကောင်းဖြစ်ခဲ့ရင်တောင် ကလေးလေးကို မထိခိုက်စေမယ့် ဆေးကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှသောက်ပါနော်။
မေမေတိုင်းကျန်းမာလှပပြီး ကလေးလေးတွေအတွက် ခွန်အားတွေအပြည့်တိုးပွားပါစေနော်။
(မေ့ရင်သွေးမဂ္ဂဇင်းဖော်ပြချက်မှ ကောက်နုတ်ထားပါသည်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး