မေမေတို့ရေ ဘေဘီလေးတွေအတွက် မိခင်နို့ချိုက တကယ်ကိုအရေးကြီးတယ်နော်။ မိခင်နို့က ဘာနဲ့မှလဲလို့မရအောင် တန်ဖိုးလည်းကြီးပါတယ်။ ဘေဘီလေးတွေ ၆ လအတွင်းမှာ တခြားဘာကိုမှလည်း မကျွေး၊ ရေလည်းတိုက်ဖို့မလိုအောင်ကို မေမေ့နို့ချိုနဲ့တင် လုံလောက်ပါတယ်တဲ့။ အဲ့ဒါကြောင့် မေမေတို့က ကိုယ့်ရဲ့ရင်သွေးလေးတွေအတွက် မိခင်မေတ္တာတွေအပြည့်နဲ့သာ နို့ချိုအဓိကတိုက်ကျွေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
မေမေ့နို့ရည်ထဲမှာ အာဟာရတွေများကြီးပဲနော်
မေမေတို့ရေ မေမေတို့ရဲ့နို့ချိုထဲမှာ ထမင်းနဲ့တူတဲ့ ကာဗွန်ဟိုက်ဒရိုက်၊ အသားနဲ့တူတဲ့ ပရိုတင်း၊ ခန္ဓာကိုယ်အတွက် ကာကွယ်ပေးတဲ့ ဓာတ်တွေလည်း ပါ၀င်နေပါတယ်။ အဲ့ဒါကြောင့် မေမေ့နို့ကို ဘေဘီလေးတွေကို တိုက်ကိုတိုက်ကျွေးသင့်တာပေါ့။ မေမေတို့ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့နို့ချိုထဲမှာ ဘေဘီလေးတွေအတွက် အထောက်အကူပြုတဲ့ အဲ့ဒီဓာတ်တွေပါ၀င်နေတာကို သေချာသိပြီး ကလေးလေးတွေအတွက် ကိုယ့်ရဲ့နို့ချိုကို ယုံယုံကြည်ကြည်တိုက်ကျွေးကြဖို့အတွက်လည်း ပါမောက္ခဒေါက်တာသင်းသင်းအောင်က တိုက်တွန်းထားပါတယ်နော်။
(မေ့ရင်သွေး မဂ္ဂဇင်းမှ ထုတ်နုတ်ဖော်ပြအပ်ပါသည်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး