
မူရင်း လက်ဝါးပုံကိုပါ တစ်ခါတည်း တွဲတင်ပေးလိုက်ပါတယ်။ လက်သူကြွယ် အောက် အဖြူရောင်ဖြင့် ဝိုင်းပြသည့်ထဲကြည့်ပါက “ငါးရုပ်သင်္ကေတပုံ´´ထင်ရှားပြတ်သားစွာ မြင်တေွ့ရပါလိမ့်မည်။ ထို ငါးရုပ်သည် လက်ဝါးပြင်၌ မည်သည့်နေရာ၌ ရှိရှိ ကောင်းကျိုးမင်္ဂလာကို ပေးပါတယ်။ အခုပုံ လက်သူကြွယ် အောက်ရှိငါးရုပ်သည် မှန်ဘီလူး ဖြင့် ကြည်စရာမလိုပဲ ထင်ထင်ရှားရှားနဲ့ ပြတ်ပြတ်သားသားပဲ ပြထားပါတယ်။

လူ့လောက၌ နေရာတစ်ခုခုဖြင့် အဆင်ပြေနေသူ ထိုက်သင့်သလောက် ပစ္စည်းဥစ္စာရှိသူ ကြီးကြီးကျယ်ကျယ် ချမ်းသာသောသူ ၊ ကြီးကြီးကျယ်ကျယ် အောင်မြင်နေသောသူတေွရဲ့ လက်သူကြွယ်အောက် ဂြိုလ်ခုံသည် မင်္ဂလာ အမှတ်အသား တစ်ခုခု မုချ ဧကံပါရှိနေတတ်တယ်။ ဤကား…လက္ခဏာပညာ ဥပဒေဿရဲ့ ထူးခြားချက် ဖြစ်၏။ ယခု လက္ခဏာရှင်သည် အသက် ၂ရ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ တစ်ဦးတည်းသော သားဖြစ်၏။ မျိုးရိုးစဉ်ဆက် ချမ်းသာ ကြွယ်ဝသူလည်း ဖြစ်၏။ ရန်ကုန်မြို့ရဲ့ စျေးကောင်း စျေးကြီးနေရာတို့၌ မြေယာ ၊ အိုးအိမ်တို့ များစွာ များစွာ အများကြီး ပိုင်ဆိုင်ထားသူပဲ ဖြစ်၏။

မြန်မာနိုင်ငံမှ လူတော်တော်များမျာဟာ သာမန်ထက်ပို၍ ချမ်းသာနေသူကို ခရိုနီ ဟု လွယ်လွယ်နဲ့ ထင်တတ်ကြတယ်။ ဤကားအထူးမှား၏။ တစ်သက်လုံး စားမကုန်အောင်ချမ်းသာ သူ
ဗမာ စစ်စစ်(သို့မဟုတ်) ရှမ်းစစ်စစ် (သို့မဟုတ်) ရခိုင်စစ်စစ် (သို့မဟုတ်) ကရင် စစ်စစ် (သို့မဟုတ်) ကချင် စစ်စစ် (သို့မဟုတ်) ချျင်းလူမျိုးစစ်စစ် စသည့်ဖြင့် မြန်မာနိုင်ငံ၏ မူလတိုင်းရင်းသားတေွထဲမှ သုံးမကုန်အောင် ချမ်းသာ ကြွယ်ဝသူ ၊ တို့ဆေွစဉ်မျိုးဆက် ချမ်းသာကြွယ်ဝသူတေွ အများကြီး ရှိခဲ့ပါတယ်။

ကျှန်တော်က အလုပ်သဘော ဆက်နွယ်မှုရှိ၍ ဤအကြောင်းအရာ အဖုံဖုံတို့ကို ကြုံတေွ့လာပြီးတော့ သာမန်လူထက် နည်းနည်း ပိုသိကာ
အခုလို တင်ပြနိုင်ခြင်းပဲ ဖြစ်ပါတယ်။ အားလုံးပဲ စီပွားတေွ ဒီရေအလား တိုးတက်နိုင်ကြပါစေ။
#Ref(အင်တာနက် - ဗေဒင်ပညာရပ်ကျမ်း ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)