မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ ဆရာဝန်တွေရဲ့ညွှန်ကြားချက်နဲ့ ဖောလစ်အက်ဆစ်ကို နေ့စဉ်သောက်သုံးရတယ်ဟုတ်။ အဲ့ဒီလိုသောက်သုံးနေရတာဟာ ဘယ်လိုအကျိုးကျေးဇူးတွေရှိတာကြောင့် သောက်သုံးရတာလဲဆိုတာကို ကျားလေးကနေ မျှဝေပေးပါမယ်နော်။
ဖောလစ်အက်ဆစ်နေ့စဉ်သောက်ပေးတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေမွေးဖွားလာတဲ့ သားသားမီးမီးလေးတွေဟာ ကိုယ်လက်အင်္ဂါမပြည့်မစုံ မွေးဖွားတာမျိုး မဖြစ်စေပါဘူး။ ကလေးငယ်ရဲ့အာရုံကြောချို့ယွင်းမှုကိုလည်း မရှိစေပါဘူး။
ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လိုအပ်တဲ့ သွေးနီဥတွေကိုထုတ်လုပ်ပေးနိုင်ပါတယ်။
လမစေ့ဘဲကလေးမွေးဖွားတာ၊ ချို့ယွင်းမှုတွေရှိတဲ့ကလေးငယ်မွေးဖွားတာမျိုးကနေ ကာကွယ်ပေးပါတယ်။
ကလေးမွေးဖွားရခက်တာ၊ အသက်မရှိတဲ့ကလေးမွေးဖွားတာမျိုးတွေ မဖြစ်စေပါဘူး။
ကိုယ်ဝန်ဆောင်ဘဝ သန္ဓေသားရဲ့ဖွံ့ဖြိုးကြီးထွားမှုကို ထောက်ပံ့ပေးပြီး ကလေးရောမိခင်ပါကျန်းမာမှုအတွက် ထောက်ပံ့ပေးနိုင်ပါတယ်နော်။
မေမေတို့ရေ မွေးဖွားမှုအတွက် အဆင်ပြေချောမွေ့စေပြီး ကျန်းမာတဲ့ရင်သွေးလေးကို မွေးဖွားနိုင်ဖို့ ဖောလစ်အက်ဆက်ကို ပုံမှန်လေးသောက်သုံးပေးဖို့လိုပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး