မေမေတို့ရေ သားသားမီးမီးလေးတွေအရပ်ရှည်စေဖို့အတွက် မေမေတို့၊ ဖေဖေတို့က ငယ်စဉ်ကတည်း အလေ့အကျင့်လေတွေ ပြုလုပ်ပေးလို့ရပါတယ်နော်။
သားသားမီးမီးလေးတွေ အသက်ကြီးလာတဲ့အခါ မြင့်မားတဲ့အရပ်အမောင်းနဲ့ လူတကာက အားကျလောက်စရာဖြစ်အောင် ဖေဖေ၊ မေမေတို့က ဒီအချက်လေးတွေကို စနစ်တကျလေ့ကျင့်ပေးထားလိုက်ရအောင်နော်။
- သင့်တင့်မျှတတဲ့ အစားအစာတွေကို ကျွေးမွေးပေးပါနော် (အရပ်ရှည်စေနိုင်တဲ့ ကြီးထွားမှုကိုအထောက်အပံ့ပြုမယ့် အစားအစာတွေကိုကျွေးပေးရပါမယ်။ ကိုလာ၊ ဘာဂါ၊ ငရုတ်သီးတွေက အရပ်ရှည်တဲ့အပေါ် အဟန့်အတားဖြစ်စေတာမို့ များများကျွေးတာမျိုးကနေ ရှောင်ကျဉ်သင့်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီဓာတ်တွေကိုသင့်တင့်မျှတအောင် ကျွေးမွေးပေးရပါမယ်)
- လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ (ကလေးတွေရဲ့အရပ်ရှည်စေဖို့အတွက် ကစားကွင်းတွေမှာ ဘားဆွဲခိုင်းတာမျိုးလေ့ကျင့်ခန်းတွေ၊ မိမိတို့ရဲ့ နေအိမ်တွေမှာလည်း အမြင့်ကပစ္စည်းတစ်ခုခုကိုလှမ်းယူတာမျိုးလို လေ့ကျင့်ခန်းတွေကို များများပြုလုပ်ပေးရပါမယ်)
- အကြောတွေကို ဆွဲဆန့်ပေးနိုင်မယ့် လေ့ကျင့်ခန်းမျိုးတွေကို စနစ်တကျပြုလုပ်ပေးရပါမယ်။ ခြေဖျားထောက်ပြီး လက်ကိုအပေါ်ဆန့်တန်းပြီးအသက်ရှူသွင်းတဲ့ လေ့ကျင့်ခန်းမျိုးကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။
- ကြိုးခုန်တဲ့လေ့ကျင့်ခန်းမျိုးကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။
- ယောဂလေ့ကျင့်ခန်းလည်း များများပြုလုပ်ပေးနိုင်ပါတယ်။
- ခြေထောက်မှာ သင့်တော်တဲ့အလေးတစ်ခုခုနဲ့ဆွဲပြီး အမြင့်ကိုတက်ပေးတဲ့လေ့ကျင့်ခန်းမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
- ရေကူးစေတာကလည်း အရပ်ရှည်ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းပါပဲ။
- လမ်းလျှောက်တာထက်လည်း နည်းနည်းလေးမြန်ပြီး အရမ်းပြေးတာမျိုးမဟုတ်တဲ့ ခပ်ရွရွပြေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းမှာ တစ်နေရာထဲမှာရပ်ပြီး ခပ်ရွရွလေးပြေးတာမျိုးလည်း ကောင်းမွန်စေပါတယ်။
- အိပ်ချိန်ကိုလည်း စနစ်ကျအောင်စီမံပေးရပါမယ်။ တစ််ရက်ကို အိပ်ချိန် ၈ နာရီကနေ ၁၀ နာရီအတွင်းက အရပ်ရှည်ဖို့အတွက် အကောင်းဆုံးအလေ့အကျင့်ပါပဲ။
- ကဖိန်းဓာတ်များတဲ့ အစားအစာတွေ၊ အရက်၊ ဆေးလိပ်တွေကို သောက်သုံးတဲ့အလေ့အကျင့်မရှိစေဖို့လည်း လိုပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး