မေမေတို့ရေ ကလေးမွေးပြီးစ မေမေတွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို ပြောပြရမယ်ဆိုတော့ အရင်ဆုံး ရိုးရိုးမွေးတဲ့ မေမေတွေရဲ့ ကလေးမွေးပြီး ၂၄ နာရီအတွင်း အရင်စပြီး ပြောပြမယ်နော်။ မေမေတွေအနေနဲ့ ကလေးမွေးဖွားပြီးနောက်ဆက်တွဲအနေနဲ့ အသက်အန္တရာယ်အထိပါ ခြိမ်းခြောက််နိုင်ပါတယ်။ မေမေတွေသတိထားဖို့ပထမဆုံးအရေးကြီးတဲ့အချက်ကတော့ သွေးဆင်းများတာပါပဲ။ သွေးသွန်တယ်လို့လည်းခေါ်ကြတဲ့ အဲ့ဒီအခြေအနေမျိုးမှာ ဆရာဝန်၊ ဆရာမတွေကို ချက်ချင်းပြောဖို့လိုပါတယ်နော်။ နောက်ပြီး မွေးလမ်းကြောင်းမှာ ပြန်ချုပ်ထားတာမျိုးရှိလို့ အဲ့ဒီအနာက နာတယ်ဆိုရင်လည်း သက်ဆိုင်ရာဆရာဝန်တွေထံကို ချက်ချင်းပြောပြသင့်ပါတယ်။ သွေးချေဥတာ၊ သွေးခဲတာမျိုးတွေဖြစ်ပေါ်နိုင်တာမို့လို့ ဆရာဝန်တေွထံသေချာပြသပြီး လိုအပ်တယ်ဆိုရင် ခွဲခန်းမှာ ပြန်ချုပ်ရမှာပါနော်။
နောက်ပြီး ကလေးမွေးပြီးစမေမေတွေအနေနဲ့ နေထိုင်၊ စားသောက်တာ၊ သွားလာတာတွေကအစ သေချာဂရုစိုက်သင့်ပါတယ်။ ရိုးရိုးမွေးထားတဲ့ မိခင်တစ်ယောက်က ကလေးမွေးဖွားပြီး နှစ်နာရီလောက်နေရင် အပေါ့အပါးသွားဖို့ကြိုးစားသင့်ပါတယ်။ နာလို့မသွားနိုင်တာမျိုးတွေဖြစ်တတ်ပေမယ့် ကြိုးစားပြီးသွားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အပေါ့အပါးမသွားနိုင်ဘဲ ဆီးအိမ်သိပ်တင်းသွားမယ်ဆိုရင် သွေးဆင်းများသွားတတ်ပါတယ်။ ဆီးအိမ်ကြွက်သားတွေ ညောင်းသွားပြီး ညှစ်အားမရှိတော့ဘဲ ညှစ်အားမကောင်းတော့ဘဲ ဆီးကျန်တဲ့ပြဿနာတွေဖြစ်ပေါ်နိုင်လို့ မေမေတို့က ဂရုစိုက်ပါနော်။
နောက်ထပ်အရေးကြီးတဲ့တစ်ချက်ရှိပါသေးတယ်နော် မေမေတို့။ အဲ့ဒါကတော့ ကလေးမွေးပြီး နာရီဝက်အတွင်းမှာ ဘေဘီလေးကို အစောဆုံးနဲ့ ခဏခဏနို့ချိုတိုက်ကျွေးဖို့ လိုပါတယ်နော်။ ဘာကြောင့်လဲဆိုတော့ မွေးပြီးစကလေးဟာ အတက်ကြွဆုံးအချိန်ဖြစ်သလို နို့ဦးရည်က ရောဂါကာကွယ်တဲ့ဓာတ်ရသလို နောက်တစ်နေ့တွေမှာ နို့ထွက်များစေတာကြောင့်လည်းဖြစ်ပါတယ်။ နောက်ပြီးအဲ့ဒီလိုလုပ်တာက သားအိမ်ကို ဝပ်စေတဲ့အတွက် သွေးသွန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်နော်။
(မေးလိုရာမေး မေ့ရင်သွေးကဏ္ဍမှ ကောက်နုတ်ချက်)
ကျားလေးကိုအမြဲတမ်းအားပေးနေကြတဲ့ မေမေတို့ရေ ဒီဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေနဲ့အတူတူ မေမေတို့အတွက်ကောင်းကျိုးပြုနိုင်ဖို့ မျှော်လင့်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး