မေမေတို့ရေ သားသားမီးမီးလေးတွေကို ဖြည့်စွက်စာလေး ပြင်ဆင်ပေးတဲ့အခါမှာ ပန်းစိမ်းလေးကို ပုံစံအမျိုးမျိုးနဲ့ထည့်သွင်းကျွေးမွေးနိုင်မယ်ဆိုရင်တော့ ကလေးလေးတွေအတွက် အရမ်းကိုအကျိုးများစေပါတယ်နော်။ ပန်းစိမ်းမှာ ဖောလိတ်၊ အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်တွေကြွယ်ဝပါတယ်။ အဲ့ဒီအတွက် ကလေးငယ်လေးတွေကို ဖြည့်စွက်စာကျွေးနိုင်တဲ့အရွယ်ကစလို့ ပန်းစိမ်းလေးတွေကို ပြုတ်ပြီးဖျော်ကျွေးတာ၊ ပန်းစိမ်းအနှစ်လေးပြုလုပ်ပေးတာ၊ ဆန်ပြုတ်လေးတွေထဲမှာ ပန်းစိမ်းလေးထည့်ပြုတ်ပေးတာ၊ နည်းနည်းကြီးလာတဲ့အခါမှာလည်း ပန်းစိမ်းလေးကို ပေါင်းကျွေးတာတွေပြုလုပ်ပေးသင့်ပါတယ်။ ကလေးငယ်တွေရဲ့ အရိုးတည်ဆောက်မှုအတွက် ကောင်းမွန်စေသလို၊ အရိုးအဆစ်တွေရဲ့ဖွံ့ဖြိုးမှုကိုအားပေးပြီး အထောက်အပံ့ဖြစ်စေပါတယ်နော်။
နောက်ပြီးပန်းစိမ်းမှာ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီ၊ ကေ၊ အေတို့လည်း ပါ၀င်တဲ့အတွက် ကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ဖွံ့ဖြိုးကြီးထွားရေးတွေအတွက် အကောင်းဆုံး အထောက်အပံ့ဖြစ်စေနိုင်ပါတယ်နော်။ ကျန်းမာပြီးပျော်ရွှင်စွာနဲ့ကြီးပြင်းမှုတွေရှိလာစေဖို့အတွက် သားသားမီးမီးလေးတွေအတွက် အထောက်အပံ့ပေးနိုင်မယ့် အစားအစာလေးတွေကို ရွေးချယ်ကျွေးလိုက်ရအောင်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး