မေမတို့ရေ သားသားမီးမီးလေးတွေ ဝဝကစ်ကစ်ချစ်စရာကောင်းတယ်ဆိုပေမယ့် ဝတိုင်းလည်းမကောင်းတာကို မေမေတို့က ဂရုပြုစေချင်ပါတယ်နော်။ ဝတယ်ဆိုရာမှာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုများနေတဲ့ ကလေးတွေ၊ အဝလွန်နေတဲ့ ကလေးတွေဟာ အသက်ကြီးလာတဲ့အခါမှာ ကျန်းမာရေးပြဿနာတွေနဲ့ အမျိုးမျိုးကြုံတွေ့နေရတတ်ပါတယ်။ အဝလွန်ပြီး ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေရနိုင်တာကြောင့် အန္တရာယ်ဖြစ်စေပါတယ်။ ကလေးတွေဟာ ဝဖို့ထက် ပုံမှန်ဖွံ့ဖြိုးကြီးထွားဖို့ ပိုမိုပြီးလိုအပ်နေပါတယ်။
ကလေးတစ်ယောက်ပုံမှန်ဖွံ့ဖြိုးကြီးထွားစေဖို့ဆိုရင် အာဟာရပြည့်ဝတဲ့အစားအစာတွေကို ပုံမှန်ကျွေးပေးဖို့လိုပါတယ်။ အစားစားတဲ့အခါမှာလည်း ကလေးတစ်ဦးနဲ့တစ်ဦးမတူညီနိုင်တဲ့အတွက် အခြားကလေးတွေက ဘယ်လောက်အထိစားနေတယ်။ ကိုယ့်ကလေးမစားလို့ဆိုပြီးတော့လည်း ပူပန်နေဖို့မလိုပါဘူးနော်။ မိဘတွေရဲ့မျိုးရိုးဗီဇ၊ ဖွံ့ထွားမှုတွေအလိုက် ကလေးငယ်ရဲ့ကြီးထွားမှုဗီဇတွေဟာလည်း သက်ရောက်နေနိုင်တာမို့ မေမေတို့က သားသားမီးမီးလေးတွေကို မလိုလားအပ်ဘဲ အစားတွေပိုကျွေးမိတာမျိုးမဖြစ်စေဖို့ကိုလည်း ဂရုစိုက်ပေးဖို့အတွက် ကျားလေးကနေ မျှဝေပေးလိုက်ပါတယ်။
(ဒေါက်တာဦးလှကြည်ရေးသားသည့် စာအုပ်မှကိုးကားဖော်ပြပေးပါသည်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး