မေမေတို့ရေ နို့တိုက်မိခင်တွေဆိုတာ အခြားမေမေ၊ သာမန်အမျိုးသမီးတွေထက် အာဟာရပြည့်ဝနေဖို့လိုပါတယ်။ မေမေတို့မှာ အာဟာရပြည့်ဝနေမှလည်း သားသားမီးမီးလေးတွေအတွက် အာဟာရပြည့်ဝတဲ့နို့ချိုကို လုံလောက်စွာရရှိစေမှာဖြစ်ပါတယ်။ သာမန်အမျိုးသမီးတွေထက် နို့တိုက်မိခင်တွေ ဘယ်လောက်အထိ အာဟာရပိုမိုလိုအပ်တယ်ဆိုတာကို လေ့လာကြည့်ရအောင်နော်။
အာဟာရဓာတ် သာမန်အမျိုးသမီး နို့တိုက်မိခင်
ပရိုတင်း (ဂရမ်) ၄၅ +၂၀
ကယ်လိုရီ ၂၀၀၀ +၅၅၀
ဗီတာမင်အေ (မိုက်ခရိုဂရမ်) ရ၅၀ ၁၂၀၀
ဗီတာမင်ဘီ ၁ (မီလီဂရမ်) ၀.၈ +၀.၂
ဗီတာမင်ဘီ ၂ (မီလီဂရမ်) ၁.၀ +၀.၄
နိုင်ယာစင် (မီလီဂရမ်) ၁၃.၂ +၃.၅
ထုံးဓာတ် (မီလီဂရမ်) ၄၀၀ ၁၀၀၀
အိုင်အိုဒင်းဓာတ် (မိုက်ခရိုဂရမ်) ၁၅၀ ၂၀၀
မေမေတို့ရေ သာမန်အမျိုးသမီးတစ်ဦးက တစ်နေ့ကို ဆန်နို့ဆီဘူးတစ်လုံးခွဲစားတယ်ဆိုရင် နို့တိုက်မိခင်တစ်ဦးကတော့ အာဟာရဓာတ်တွေပိုမိုလုံလောက်စေဖို့အတွက် သာမန်အမျိုးသမီးထက် ဆန်နို့ဆီဘူး လေးပုံတစ်ပုံလောက်တော့ ပိုစားပေးဖို့လိုပါတယ်နော်။
(အာဟာရဆရာဝန်ကြီး ဒေါက်တာဦးလှကြည်ရေးသားသည့် အာဟာရစာအုပ်မှ ကိုးကားဖော်ပြပါသည်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး