စျေး မီဒီယာ
မမွေးဖွားမှီ

သားပျက်သားလျော မဖြစ်ဖို့ဂရုစိုက်ရမယ့် အချက်လေးတွေ

Posted by May Thaw Htoo August 28, 2022
Jp4quaq4kr6muij2x3u2

မိခင်လောင်းတွေအနေနဲ့ သားပျက်သားလျောဖြစ်နိုင်တဲ့အချက်တွေအတွက် သတိထားဖို့လေးတွေကို ကျားလေးရဲ့ မေမေတွေသိဖို့အတွက် ဖော်ပြပေးချင်ပါတယ်။ ဒီအချက်လေးတွေကို ကြိုသိထားတော့ မေမေတွေ ကြိုပြီးရှောင်ရှားလို့၊ ဂရုစိုက်လို့ရတာပေါ့နော်။
> မေမေတို့ရေ အသက်ကြီးတဲ့မေမေတွေ ဂရုစိုက်ပါနော်။ အသက်ကြီးလာတဲ့အခါ ဗီဇလွဲမှားမှုတွေ ပိုများလာတတ်လို့ သားပျက်သားလျောလည်း ဖြစ်လာတတ်ပါတယ်။ အသက် ၄၀ မေမေဟာ အသက် ၂၀ မေမေထက် နှစ်ဆပိုပြီး သားပျက်သားလျောဖြစ်တတ်ပါတယ်တဲ့။
> နောက်ထပ်ဂရုစိုက်ရမယ့် မေမေတွေကတော့ သားပျက်သားလျောဖြစ်ဖူးတဲ့ မေမေတွေပါ။ သားပျက်သားလျော နှစ်ကြိမ်နဲ့အထက် ဖြစ်ခဲ့ဖူးတယ်ဆိုရင် နောက်ထပ်သားပျက်သားလျောလည်း ဖြစ်ဖို့များတယ်ဆိုတာ မေမေတို့သတိထားပေးဖို့လိုပါတယ်နော်။
> နောက်ပြီး နာတာရှည်ရောဂါအခံရှိတဲ့ မေမေတွေလည်း ဂရုစိုက်ပေးပါနော်။ ဥပမာအနေနဲ့ ဆီးချိုရောဂါပေါ့။ ဂရုစိုက်ပေးပါနော် မေမေတို့။

Jyns3os8vtgx2rkidwg2

> နောက်ပြီး ရောဂါတစ်ခုခုကြောင့် ဆေးဝါးသောက်သုံးနေရတဲ့ မေမေတွေဆိုရင်တော့ ကိုယ်ဝန်ဆောင်ရပြီဆိုတာကို သိသိချင်းမှာ ဆရာဝန်နဲ့တိုင်ပင်ပြီး အဲ့ဒီဆေးတွေကိုပြသပြီး မေးမြန်းသင့်ပါတယ်။ တချို့ဆေးတွေက ကိုယ်ဝန်ကိုပျက်ကျတာမျိုးတွေ ဖြစ်စေတတ်လို့ပါ။
> မေမေတို့ရေ နောက်ထပ်သတိပြုဖို့လိုတာကတော့ ခဲ၊ အာဆင်းနစ်၊ ဘင်ဇင်း၊ ဖော်မယ်ဒီဟိုက်၊ အက်သလင်းအောက်ဆိုဒ်၊ ဓာတ်မှန်ရောင်ခြည်နဲ့ မေ့ဆေးအငွေ့တွေကလည်း သားပျက်သားလျောတာကို ဖြစ်စေတတ်လို့ လုပ်ငန်းနယ်ပယ်အနီးမှာ အဲ့ဒီအရာတွေရှိနေမယ်ဆိုရင် ရှောင်ရှားသင့်ပါတယ် မေမေတို့ရေ။
> နောက်ထပ် အဝလွန်မေမေတွေလည်း ဂရုစိုက်ပေးပါနော်။ မေမေမှာအဝလွန်တယ်ဆိုရင် သားပျက်သားလျောတာကို ဖြစ်စေတတ်လို့ပါ။
> နောက်ထပ်သတိပြုရမယ့်အချက်တစ်ခုကတော့ သားဆက်သိပ်နီးလွန်းတဲ့ မေမေတွေပေါ့။ ကလေးတစ်ဦးမွေးပြီး နောက်ထပ် ၃ လအတွင်းကလေးပြန်ယူတာမျိုးပေါ့။ အဲ့ဒီလိုနီးကပ်တဲ့ ကိုယ်ဝန်ဟာ သားပျက် သားလျောဖြစ်စေတတ်တယ်လို့ သုတေသနပြုလုပ်ချက်တွေမှာ ဖော်ပြထားဖူးပါတယ်။

(ဒေါက်တာမြသီတာရေးသားသည့် သားပျက်၊ သားလျောနဲ့ ဖေဖေမေမေတို့ရဲ့ဒုက္ခ ဆောင်းပါးမှ ကောက်နုတ်ချက်)

မေမေတို့ရေ ဂရုစိုက်ရမယ့် အချက်ကလေးတွေလည်း သိပြီဆိုတော့ မေမေတို့တွေ ကြိုတင်ပြီးရှောင်ရှားရင်းက သားသားမီးမီးလေးတွေကို အန္တရာယ်ကင်းကင်းမွေးဖွားနိုင်ဖို့ အထောက်အကူပြုနိုင်ပါစေနော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

Xddle02bhooyyc20hi7w

> သားအိမ်နဲ့ သားအိမ်ခေါင်းပြဿနာရှိတဲ့ မေမေတေွကလည်း သားပျက်သားလျောအတွက် ဂရုစိုက်ပေးပါနော်။ မေွးရာပါ (ဒါမှမဟုတ်) ရောဂါကုသမှုတစ်ခုခုကြောင့် သားအိမ်ခေါင်း မလုံသူတေွ၊ သားအိမ်ခေါင်းတိုတဲ့သူတေွ၊ သားအိမ်ပုံမှန်မဟုတ်သူတေွအနေနဲ့ ကိုယ်ဝန်ဒုတိယ သုံးလမှာ သားပျက်တာ၊ တတိယ သုံးလအစလောက်မှာ လမစေ့ဘဲမေွးဖွားတာမျိုးတေွ ဖြစ်တတ်ပါတယ် မေမေတို့ရေ။
> နောက်ထပ်ဂရုစိုက်ရမယ့် မေမေတေွကတော့ ဖေဖေ၊ မေမေတေွမှာ မေွးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းသူနဲ့ Genetic Disease ရှိတဲ့သူတေွမှာလည်း ရောဂါတေွပါလာတတ်ပြီး သားပျက်သားလျောဖြစ်တတ်ပါတယ်နော်။
> နောက်ပြီး ကိုယ်ဝန်ဆောင်မေမေတေွ ရောဂါပိုးတစ်ခုခုမဝင်အောင်လည်း ဂရုစိုက်ပေးသင့်ပါတယ်။ ဂျုက်သိုး၊ ၀က်သကနဲ့ တခြားရောဂါပိုးတစ်ခုခု ၀င်လာခဲ့မယ်ဆိုရင် သားပျက်သားလျောဖြစ်ဖို့များပြားတတ်ပါတယ်။
> နောက်တစ်ချက်ကတော့ ဆေးလိပ်သောက်တတ်တဲ့မေမေ၊ အရက်၊ မူးယစ်ဆေးသုံးစွဲတတ်တဲ့မေမေတေွလည်း သားပျက်သားလျောဖြစ်တတ်ပါသေးတယ်။ ဒီနိုင်ငံမှာတော့ မေမေတေွအတွက် အဲ့ဒီအမူအကျင့်တေွရှိတတ်တာအရမ်းနည်းပါးပါတယ်။ ဒါပေမယ့် ကော်ဖီအရမ်းကြိုက်တဲ့မေမေတေွကတော့ ကိုယ်ဝန်ဆောင်ပြီဆိုရင် ကော်ဖီဖြတ်သင့်ပါတယ်နော်။ ကော်ဖီအလွန်အကျွံသောက်တာက သားပျက် သားလျောတာကို ဖြစ်စေတတ်လို့ပါ။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.