မိခင်တေွအတွက် စိတ်ဒုက္ခအရောက်ရဆုံး အချိန်ကတော့ မိမိရဲ့ ရင်သေွးငယ်တေွ နေမကောင်းဖြစ်တဲ့အချိန်ပါ။ ကိုယ်တိုင်နေမကောင်းဖြစ်တာထက်ကို မိမိရဲ့ ကလေးငယ်နေမကောင်းဖြစ်ချိန်မှာ လူပင်ပန်း ၊ စိတ်ပင်ပန်းရပါသေးတယ်။ ဒီလိုအချိန်မှာ မိမိရဲ့ ကလေးငယ် ပြန်လည်ကျန်းမာလာစေဖို့ ဘာအစားအစာကျေွးရမလဲဆိုတဲ့ကိစ္စဟာ လုံးဝ ခေါင်းခဲစရာပါပဲ။
ယခုဆောင်းပါးမှာတော့ နေမကောင်းဖြစ်နေတဲ့ကလေးငယ်ကို အစာဘယ်လိုကျေွးရမလဲဆိုတာ ရှင်းပြပေးသွားပါမယ်။ နေမကောင်းဖြစ်နေတဲ့ ကလေးငယ်ကို ကြေညက်လွယ်တဲ့ အစာပဲ ကျေွးရပါမယ်။ အစားအသောက်ကို ရုတ်တရက် မဖြတ်ပစ်သင့်ပါဘူး။ ကလေးခံတွင်းပျက်ပြီး မစားနိုင်တဲ့ အခြေအနေမျိုးမှာဆိုရင်တော့ အရည်များများ တိုုက်ရပါမယ်။
တိုက်သင့်တဲ့ အရည်တေွကတော့ မိခင်နို့ရည် ၊ နို့ ၊ ကော်ဖီ ၊ ဆားရည် ၊ ထမင်းရည် ၊ အုန်းစိမ်းရည် ၊ ရေကျက်အေး ၊ မြူစွမ်ပြုတ် ၊ ဆန်ပြုတ် ၊ စွပ်ပြုတ်ရည်တို့ ဖြစ်ပါတယ်။ ထမင်းစားချင်တဲ့ ကလေးကို ထမင်းပဲ ဆက်ကျေွးပါ။ အချိုနည်းတဲ့ မုန့်တေွကိုလည်း ကျေွးလို့ရပါတယ်။ အဓိကသိထားရမှာက ကလေးငယ်နေမကောင်းဖြစ်ရင် အစာကို ဖြတ်ပစ်ဖို့မလိုဘူးဆိုတဲ့ အချက်ပါ။ ကလေးအားရှိမှ ရောဂါတေွကို တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
ချွင်းချက်အနေနဲ့တော့ အူရောင်ငန်းဖျားရောဂါ(တိုက်ဖွိုက်) ဖြစ်နေရင်တော့ အဖတ်လုံးဝကျေွးလို့ မရပါဘူး။ အူမှာ အနာလေးတေွှဖစ်ပြီး ဖျားနေတာကြောင့် အဖတ်စားရင် ပိုဆိုးမှာပါ။ နာလန်ပြန်ထချိန်မှာတော့ အစာကို ပုံမှန်ကျေွးနေကြထက် တစ်နေ့တစ်ကြိမ် ပိုကျေွးရပါမယ်။ ကုန်ခမ်းသွားတဲ့ အားအင်တေွ ပြန်လည်ဖြည့်တင်းဖို့ အတွက် ဖြစ်ပါတယ်။
သောက်လက်စအားဆေးရှိရင် ဆက်တိုက်ပေးပါ။ အညိုရောင် အရောင်ရှိတဲ့ အားဆေးဆိုရင်တော့ ခဏရပ်ရပါမယ်။ ကလေးငယ်တေွ နေမကောင်းဖြစ်ချိန်မှာ ရောဂါတိုက်ထုတ်နိုင်ဖို့ ခွန်အားရှိနေဖို့ လိုအပ်ပါတယ်။
HYA (kyarlay)