
အစာစားချိန် နောက်ကျလို့အောင့်တယ်၊ အစားများလို့အောင့်တယ်၊ လေထိုးလေအောင့်တယ်၊ အစာမကြေလို့ အောင့်တယ်၊ အစာအိမ်နာလို့အောင့်တယ် ဗိုက်အောင့်တဲ့အကြောင်းရင်းက စုံလို့ပါပဲ။ ဗိုက်အောင့်ဗိုက်နာတဲ့အချိန် ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင်သက်သာစေမယ့် နည်းလမ်းလေးတေွ ရှိပါတယ်။ ထိုနည်းလမ်းတေွက ဘာတေွလဲဆိုတာကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ ဒိန်ချဉ်
----------
ဗိုက်အောင့်နေတဲ့အချိန်မှာ အစာခြေစနစ်ကိုသက်တောင့်သက်သာဖြစ်စေပြီး ကိုယ်ခံအားစနစ်ကိုပါ ကောင်းစေမယ့် အကျိုးပြုဘက်တီးရီးယားလေးတေွ ဒိန်ချဉ်ထဲမှာ ပါပါတယ်။ ဒါပေမယ့် အဆီများတဲ့ဒိန်ချဉ်တေွ၊ အရသာတေွ ထပ်ပေါင်းဖြည့်စွက်ထားတဲ့ဒိန်ချဉ်တေွ မဟုတ်ရင်တော့ ပိုကောင်းပါလိမ့်မယ်။

၂။ ဂျင်း
--------
ဟိုးအရင်တည်းက ဂျင်းဟာ စွယ်စုံရအိမ်သုံးဆေးဝါး ဖြစ်ခဲ့ပါတယ်။ နာကျင်တာကအစ ပျို့အန်မအီမသာဖြစ်တာတေွအထိ ဂျင်းကိုအသုံးပြုနိုင်ပါတယ်။ ဂျင်းဟာရောင်ရမ်းတာတေွကို သက်သာစေတဲ့သတ္တိရှိတဲ့အပြင် အစာကြေစေတယ်၊ ဗိုက်အောင့်တာကိုလည်း သက်သာစေပါတယ်။ တချို့တေွက ချင်းနဲ့ပြုလုပ်ထားတဲ့သကြားလုံးလေးတေွ၊ ဖြည့်စွက်စာလေးတေွကို စားလေ့ရှိကြသလို ဂျင်းပြုတ်ရည်သောက်တာ ဒါမှမဟုတ် ရေနေွးကြမ်းနှပ်ပြီး သောက်တာမျိုးလည်းရပါတယ်။ အများကြီးတော့မသုံးနဲ့ပေါ့။

၃။ ရေနေွးအိတ်
------------------
လေထိုးလေအောင့်တာ၊ အစာမကြေတာလိုမျိုး ဗိုက်အောင့်ဝေဒနာတေွမှာ အရမ်းမပူတဲ့ ရေနေွးအိတ်လေး ကပ်ပေးတာက မြန်မြန်သက်သာစေနိုင်ပါတယ်။ ရေနေွးစပ်ပြီးရေချိုးတာလည်း ရပါတယ်။ ရေနေွးအိတ်ကပ်ရင်တော့ မိနစ် ၂၀ လောက်နေရာလေးရေွှ့ပြီးကပ်ပေးလို့ရပါတယ်။

၄။ သင်္ဘောသီး
----------------
သင်္ဘောသီးမှာ အစားအစာထဲက ပရိုတင်းတေွကိုချေဖျက်ပေးပြီး အစာကြေလွယ်၊စုပ်ယူလွယ်နိုင်အောင် ကူညီပေးတဲ့ papain အင်ဇိုင်းပါဝင်ပါတယ်။

၅။ ပူစီနံ
---------
ပူစီနံမှာ menthol ဓာတ်ပါဝင်ပြီး အဆိုပါ menthol ဟာခံတွင်းအနံ့ကောင်းစေရုံသာမက သဘာဝအကိုက်အခဲပျောက်ဆေးတမျိုးလည်း ဖြစ်လို့ ပူစီနံကိုပျို့အန်ခြင်းနဲ့ဗိုက်အောင့်ခြင်းတို့အတွက် အသုံးပြုလေ့ရှိကြပါတယ်။ ချင်းလိုပဲ ပူစီနံကိုလည်း အရွက်ခပ်ထားတဲ့ရေနေွးကြမ်းပူပူလေး လုပ်သောက်လို့ရသလို ထမင်းစားရင် အတို့အမြှုပ်အဖြစ်နဲ့ စားလို့ရပါသေးတယ်။

၆။ သံပုရာရေနေွးကြမ်း
-------------------------
ရေနေွးထည့်ထားတဲ့ မက်ခွက်ထဲကို သံပုရာသီးတခြမ်း ညှစ်ထည့်ပါ (သကြားနည်းနည်းလည်းထည့်ပါ)။ ဒါဆိုရင် ဗိုက်အောင့်ခြင်းကို သက်သာပျောက်ကင်းစေမယ့် အကောင်းဆုံးသော ဖျော်ရည်တခွက်ကို ရရှိပါပြီ။ သတိထားရမယ့်အချက်က သံပုရာသီး ဒါမှမဟုတ် သကြားအလွန်အကျှံမထည့်မိဖို့ပါပဲ။ အားလုံးပဲ ကျန်းမာ လန်းဆန်းကြပါစေ။
#Ref(hello - ဗိုက်အောင့်ခြင်း နဲ့ ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)