မေမေတို့ရေ မေမေတို့မေးမြန်းထားတဲ့ ဆေးသောက်တာ၊ ဆေးထိုးတာရပ်ပြီး ကလေးလေးလိုချင်တယ်ဆိုလို့ ဆရာဝန်ကြီးတွေဖြေကြားချက်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ တားဆေးတွေထိုးတာ၊ သောက်တာရပ်ထားပြီးတဲ့မေမေတွေအတွက် ကိုယ့်ရဲ့ရာသီစက်ဝန်းပုံမှန်ပြန်ဖြစ်ပြီလားဆိုတာ တစ်ချက်ကြည့်ဖို့လိုအပ်ပါတယ်။ ရာသီစက်ဝန်းပုံမှန်ပြန်ဖြစ်ပြီဆိုရင်တော့ ရာသီစပေါ်တဲ့ရက်ကနေ စတင်ရေတွက်ပြီး ၁၀ ရက်မြောက်နေ့ကစလို့ ၁၀ ရက်အတွင်း ကြိုးစားသင့်ပါတယ်။ အဲ့ဒီရက်တွေမှာ နေ့တိုင်းမကြိုးစားဖြစ်ရင်တောင် တစ်ရက်ထက်ပိုပြီးမခြားဘဲ ကြိုးစားသင့်ပါတယ်နော်။
နောက်ပြီး အဲ့ဒီရက်တွေအတွင်း နှပ်လိုမျိုးချွဲတွေဆင်းမယ်ဆိုရင်တော့ အဲ့ဒီရက်က သားဥကြွေတဲ့ရက်ပါပဲ။ အဲ့ဒီရက်မှာပိုပြီးကြိုးစားသင့်ပါတယ်။ တကယ်လို့ ရာသီမမှန်ရင်တော့ ရက်တွက်ရတာခက်တာကြောင့် တစ်ရက်ခြားပြီးပုံမှန်လေးနေပေးဖို့လိုပါတယ်။ နောက်ပြီးကလေးယူဖို့ စဉ်းစားနေတဲ့ မိခင်တွေတိုင်းက ဖောလစ်အက်ဆစ်ကို တစ်နေ့တစ်ပြားမှန်မှန်သောက်ပေးဖို့လိုပါတယ်။
ကျားလေးကိုအစဉ်အမြဲအားပေးနေကြတဲ့ မေမေတို့ရေ အပေါ်မှာ ပြောပြပေးထားတဲ့ နည်းလမ်းလေးတွေ မှီဝဲသင့်တဲ့ဆေးဝါးတွေနဲ့ မေမေတို့လိုချင်နေတဲ့ ဘေဘီလေးတွေရရှိဖို့ ကြိုးစားကြည့်ပါနော်။ တကယ်လို့ အဲ့ဒီနည်းလမ်းအတိုင်း ၃ လလောက်မှန်မှန်လေးကြိုးစားလို့မှ အဆင်မပြေသေးဘူးဆိုရင်တော့ မေမေရော၊ ဖေဖေရော နှစ်ဦးစလုံးက သက်ဆိုင်ရာဆရာဝန်ကြီးတွေ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေနဲ့ လမ်းညွှန်မှုတွေကို ခံယူဖို့အတွက် အကြံပြုလိုပါတယ်နော်။
(မေးလိုရာမေး မေ့ရင်သွေးကဏ္ဍမှကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး