မေမေတို့ရေ သားသားမီးမီးလေးတွေကို ဖြည့်စွက်စာကျွေးတဲ့အချိန်မှာ အစားသစ်တွေကို ကျွေးဖို့အတွက် တစ်ခုနဲ့တစ်ခု ဘယ်လောက်အထိ အချိန်ယူသင့်သလဲဆိုတာကို မေမေတို့အတွက် မျှဝေပေးချင်ပါတယ်။
သားသားမီးမီးလေးတွေကို အသက် ၆ လပြည့်ပြီဆိုတာနဲ့ မိခင်နို့ချိုအပြင် ရေအပါအဝင်အခြားဖြည့်စွက်စာတွေကို စတင်ကျွေးလို့ရပါပြီ။ အဲ့ဒီလိုကျွေးတဲ့အခါမှာ ကလေးတွေကို တစ်ရက်တည်းနဲ့ အစားအမျိုးမျိုးပြောင်းလဲကျွေးဖို့မသင့်ပါဘူးနော်။ ပထမတစ်ရက်မှာကျွေးတဲ့ဖြည့်စွက်စာကို အဲ့ဒီတစ်ရက်အတွက် ပုံစံတူကိုပဲကျွေးပြီး အစာသစ်ပြောင်းကျွေးချင်တယ်ဆိုရင်တော့ နောက်တစ်ရက်မှာသာ ပြောင်းလဲကျွေးပေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ တစ်မျိုးကိုနှစ်ရက်လောက်အတူတူကျွေးပြီးမှ နောက်တစ်ရက်ပြောင်းလဲကျွေးမယ်ဆိုရင်တော့ ပိုမိုကောင်းမွန်ပါတယ်နော်။ အဲ့ဒါမှလည်း ကျွေးမွေးတဲ့အစားအစာနဲ့ ကလေးအတွက် သင့်တော်မှုရှိမရှိဆိုတာကို သိနိုင်ပြီး ကလေးရဲ့အစာအိမ်က အပြောင်းအလဲကို စတင်လက်ခံချေဖျက်ပေးဖို့အတွက် အဆင်ပြေစေနိုင်မှာပါနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး