မေမေတို့ရေ စကားမပြောသေးခင်အရွယ်မှာ သားသားမီးမီးလေးတွေဟာ သူတို့ပြောချင်တာတွေ၊ အလိုမကျတာတွေ၊ ခံစားမှုတွေကို ငိုကြွေးခြင်းနဲ့ပဲ ဖော်ပြတတ်ကြပါတယ်။ အဲ့ဒီအတွက် သားသားမီးမီးလေးတွေ ငိုကြွေးတတ်တဲ့အများဆုံးအကြောင်းအရင်းလေးတွေကို မေမေတို့သိဖို့ မျှဝေပေးလိုက်ပါတယ်နော်။
- ကလေးငယ်တွေဟာ ဆာလောင်တဲ့အချိန်မှာ ငိုကြွေးတတ်ကြပါတယ်။
- ဝမ်းဗိုက်ကနာကျင်နေတာ၊ အစာအိမ်ထဲမှာတောင့်နေတဲ့အခါ၊ အရမ်းဗိုက်တင်းတဲ့မျိုးတွေမှာလည်း ငိုကြွေးတတ်ကြပါတယ်။
- လေထုတ်ပေးဖို့လိုနေချိန်မှာလည်း ငိုကြွေးတတ်ကြပါတယ်။
- သူတို့ရဲ့ဒိုက်ဗာတွေညစ်ပေနေပြီဆိုရင်လည်း ငိုကြွေးတတ်ပါသေးတယ်။
- နေမကောင်းဖြစ်ပြီး မအီမသာလေးတွေဖြစ်တဲ့အချိန်မှာလည်း ငိုကြွေးတတ်ပါသေးတယ်နော်။
ကလေးငယ်လေးတွေ ငိုကြွေးစဉ်အချိန်မှာ ဘာကြောင့်ဆိုတာကို နားလည်အောင်ကြိုးစားပြီး မေမေတို့က ရင်သွေးငယ်အငိုတိတ်အောင်ဆောင်ရွက်ပေးနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး