မေမေတို့ရေ ဘေဘီလေးတွေ ဝမ်းချုပ်လို့ မေမေတို့တွေစိတ်ညစ်နေရတယ်ဟုတ်။ အဲ့ဒီသောကတွေကင်းဝေးစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ မေမေတို့ရေ နို့မှုန့်သောက်တဲ့ ကလေးတွေက မိခင်နို့ကိုပဲသောက်တဲ့ ကလေးတွေထက် ဝမ်းချုပ်တာပိုဖြစ်တတ်ပါတယ်။ နောက်ပြီး သံဓာတ်ပါတဲ့အားဆေးတွေကို မေမေတွေက သောက်နေရတာဖြစ်ဖြစ်၊ ဘေဘီလေးတွေကို တိုက်ကျွေးတာဖြစ်ဖြစ် ဝမ်းချုပ်တာမျိုး ဖြစ်တတ်ပါတယ်နော်။ တကယ်လို့ဘေဘီလေးတွေဝမ်းချုပ်မယ်ဆိုရင် နို့သောက်သုံးတဲ့အရွယ်ဆိုရင်တော့ မေမေတို့က အသီးအနှံတွေများများစားပေးရမှာပါ။ တကယ်လို့ ကလေးတွေကို အစားကျွေးနေပြီဆိုရင်တော့ သားသားမီးမီးလေးတွေကို နေ့တိုင်းကျွေးတဲ့အစားအစာတွေထဲမှာ အသီးအနှံလေးတွေ၊ အသီးအရွက်လေးတွေကို ထည့်ကျွေးပေးဖို့လိုပါတယ်နော်။
အစားအသောက်နဲ့စားပေးကျင့်ပေးတာတွေကို ပုံမှန်ပြုလုပ်ပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်သလို လတ်တလောဝမ်းချုပ်တာကို ဖြေရှင်းလိုတဲ့မေမေတွေကတော့ Lactulose ကို တိုက်ကျွေးပေးလို့ရပါတယ်။ အဲ့ဒါကတော့ ဒိန်ချဉ်နဲ့တည်းနည်းသွားတူပါတယ်။ ယေဘုယျအနေနဲ့ အန္တရာယ်မရှိနိုင်ပါဘူးနော်။ ဒါပေမယ့်လည်း အမြဲတမ်းတော့ အဲ့ဒီလိုဆေးတွေကို တိုက်ကျွေးနေဖို့တော့မသင့်တာမို့ ပထမပြောခဲ့တဲ့ အစားအစာကျွေးကို မေမေတို့က ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ တကယ်လို့ ဝမ်းအရမ်းချုပ်နေပြီးကလေးကလည်း နေရတာအရမ်းအဆင်မပြေဖြစ်နေတယ် ဘေဘီလေးက ဝမ်းသွားတဲ့အခါ အရမ်းညှစ်နေရတယ်။ နာနေတယ်ဆိုရင်တော့ ဝမ်းချူဘောလုံးသေးသေးလေးနဲ့ ချူပေးလို့လည်းပါတယ်။
မေမေတို့ရေ ဖြစ်လာတဲ့အခါမှ ဆေးတိုက်ပြီး ကုသလို့ရနိုင်တယ်ဆိုပေမယ့် ဘေဘီလေးတွေအဖို့တော့ ခံစားရတဲ့ ဝေဒနာတွေကလည်း မသက်သာပါဘူး။ ဘေဘီလေးတွေနာကျင်ခံစားရတဲ့အတွက် မေမေတို့လည်း စိတ်ချမ်းသာရမှာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် နို့တိုက်မိခင်တွေက အသီးအနှံ၊ အသီးအရွက်တွေကို များများစားသုံးပေးရမှာဖြစ်သလို၊ နို့မှုန့်သောက်တဲ့ဘေဘီလေးတွေကို ရေများများတိုက်ပေးဖို့ လိုပါတယ်။ တကယ်လို့ အစားစားနေပြီဖြစ်တဲ့ ဘေဘီလေးတွေဆိုရင်တော့ အသီးအရွက်တွေကို မေမေတို့က သေချာလေးစနစ်တကျနဲ့ကျွေးမွေးပေးဖို့အတွက် အကြံပြုလိုက်ပါတယ်နော်။
(မေးလိုရာမေး မေ့ရင်သွေးကဏ္ဍမှကောက်နုတ်ချက်)
ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးတွေကို ဖေဖေ၊ မေမေတိုင်း ရရှိပိုင်ဆိုင်နိုင်ပါစေနော် ..
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး