မေမေတို့ရေ အချို့မေမေတွေက သားသားမီးမီးလေးတွေကို ဒိုက်ဗာဝတ်ဆင်ပေးတဲ့အခါ ဒိုက်ဗာလောင်တာ၊ ဆီးပူလောင်တာတွေဖြစ်တတ်တယ်ဆိုပြီး စိုးရိမ်စိတ်တွေရှိတတ်ပါတယ်။ တကယ်ကတော့ အဲ့ဒီလို အပူလောင်တာမျိုးတွေက သုံးစွဲတဲ့ ဒိုက်ဗာအမျိုးအစားထက် ကလေးငယ်ကို ဒိုက်ဗာဝတ်ဆင်ပေးရာမှာ စနစ်ကျမှုရှိမရှိနဲ့ ဝတ်ဆင်ပေးတဲ့အချိန်ကာလအပေါ်မှာပဲမူတည်နေတတ်ပါတယ်။
မေမေတို့ရေ ကလေးငယ်ကို ဒိုက်ဗာဝတ်ဆင်ပေးတဲ့အခါမှာ အသက်အရွယ်၊ ကိုယ်အလေးချိန်အလိုက် သင့်တော်တဲ့ ဒိုက်ဗာအရွယ်အစားကို သေချာလေးရွေးချယ်ပေးသင့်ပါတယ်နော်။ နောက်ပြီး ကလေးငယ်ကို ဒိုက်ဗာဝတ်ဆင်ပေးထားချိန်ဟာ အများဆုံး ၆ နာရီအထိသာထားရှိသင့်ပါတယ်။ အဲ့ဒီ ၆ နာရီအတွင်းမှာလည်း ကလေးငယ် အပေါ့၊ အလေးသွားတဲ့အခါမှာ အချိန်မဆိုင်းဘဲ ချက်ချင်းသန့်စင်ပြီး အသစ်တစ်ခုလဲလှယ်ပေးတာပိုမိုကောင်းမွန်ပါတယ်နော်။
ညဘက်အိပ်ချိန်မှာ ဒိုက်ဗာဝတ်ဆင်ပေးထားမယ်ဆိုရင်လည်း မေမေတို့က တစ်ရေးနိုးတဲ့အခါ ကလေးငယ်အညစ်အကြေးစွန့်မစွန့်ကို စမ်းသပ်ကြည့်ပြီး အညစ်အကြေးစွန့်ထားတယ်ဆိုရင်တော့ လဲလှယ်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ အဲ့ဒါဆိုရင်တော့ မေမေတို့စိုးရိမ်ပူပန်မိတဲ့ ဒိုက်ဗာလောင်တာ၊ ဆီးပူလောင်တာမျိုးတွေဖြစ်စေတော့ပါဘူးနော်။ အကြောင်းအမျိုးကြောင့် အပူလောင်တာမျိုးဖြစ်ခဲ့တယ်ဆိုရင်တော့ မေမေတို့က ဒိုက်ဗာခရမ်လေးကို လိမ်းပေးပြီး ပျောက်ကင်းအောင်ဆောင်ရွက်ပေးနိုင်တဲ့အတွက် ဂရုတစိုက်နဲ့ သားသားမီးမီးလေးတွေကို စောင့်ရှောက်ပေးနိုင်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး