မေမေတို့ရေ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်အချိန်မှာ ကိုယ့်ရဲ့ရင်သွေးလေးကို အတတ်နိုင်ဆုံးဂရုတစိုက်နဲ့နေထိုင်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးနဲ့ ကိုယ်ဝန်မခိုင်ဖြစ်သွားပြီးတဲ့အခါမျိုးတွေနဲ့ အမျိုးသမီးတွေနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုကြောင့် သားအိမ်ခြစ်လိုက်ရသူတွေလည်းရှိတတ်ပါတယ်။ အဲ့ဒီအတွက် သားအိမ်ခြစ်လိုက်ရတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်သတိပြုသင့်တယ်ဆိုတာလေးကို မေ့ရင်သွေးမဂ္ဂဇင်းထဲမှာ ဖော်ပြထားတာမို့ ကျားလေးကနေ ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်နော်။
သားအိမ်ခြစ်ထားသူတစ်ဦးအနေနဲ့ အိမ်ထောင်သည်နဲ့ ၆ ပတ်အထိ နေထိုင််မှုရှောင်သင့်ပါတယ်။ အဓိကကတော့ ပိုးမဝင်စေဖို့အတွက် ဂရုပြုရမှာဖြစ်ပါတယ်။ သားအိမ်ခြစ်ပြီးတဲ့အချိန်မှာ ဆီးစပ်ကိုက်တာ၊ အနံ့အသက်ဆိုးတဲ့ အဖြူတွေဆင်းတာ၊ ဖျားတာတွေဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။ အဲ့ဒီလိုဖြစ်ရတာကတော့ ကလေးပျက်ပြီး ပိုးဝင်၊ သားအိမ်ရောင်တဲ့ လက္ခဏာတွေဖြစ်လို့ပါနော်။ ဒီလိုလက္ခဏာတွေခံစားရချိန်မှာ ကုသဖို့နှောင့်နှေးခဲ့မယ်ဆိုရင်တော့ ဥပြွန်လမ်းကြောင်းတွေပိတ်ပြီး နောက်ထပ်ကလေးရနိုင်ဖို့ ခက်ခဲသွားနိုင်ပါတယ်နော်။
ဖောလစ်အက်ဆစ်ဆေးပြားကတော့ ကလေးရဲ့ ကိုယ်အင်္ဂါချို့တဲ့မှုကိုကာကွယ်ပေးနိုင်တာမို့ မေမေတို့က နောက်ထပ်ကလေးထပ်ယူဖို့အတွက် ကြိုးပမ်းပြီဆိုရင်တော့ ဖောလစ်အက်ဆစ်ကို တစ်ရက်ကို တစ်လုံးလောက်တော့ သောက်ပေးဖို့အတွက် လိုအပ်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး