မေမေတို့ရေ ကိုယ့်ရဲ့ပတ်ဝန်းမှာ အော်တစ်ဇင်ကလေးငယ်တွေရှိနေပြီဆိုရင်တော့ အစားအစာတွေကျွေးမွေးရာမှာ ဘယ်လိုရွေးချယ်ပေးသင့်တယ်ဆိုတာကို အကြံပြုနိုင်ဖို့ မေ့ရင်သွေးမဂ္ဂဇင်းပါဆောင်းပါးလေးကနေ ကောက်နုတ်မျှဝေပေးလိုက်ပါတယ်နော်။
မေမေတို့ရေ စားသင့်တဲ့အစားအစာလေးတွေက ပဲပိစပ်၊ ပြောင်းကထုတ်လုပ်တဲ့ အစားအစာ၊ ဆန်မှုန့်၊ ပြောင်းဖူးမှုန့်၊ အာလူးမှုန့်၊ ပဲပိစပ်မှုန့်တို့က ထုတ်တဲ့အမှုန့် (ဒါမှမဟုတ်) Cereal ၊ ပီလောပီနံ၊ ပြောင်း၊ အာလူးတို့ကထုတ်လုပ်တဲ့ ကော်မှုန့်၊ ကော်နဲ့ပြုလုပ်ထားတဲ့မုန့်၊ တို့ဟူးမှုန့်၊ တို့ဟူးလုံး (ဂျုံမပါရပါ) ရှာလကာရည်အဖြူ၊ မုန်လာဥနီ၊ အာလူးတို့ကို ကျွေးနိုင်ပါတယ်နော်။
အဆီထုတ်ထားတဲ့နို့နှင့် နို့ထွက်ပစ္စည်းတွေ၊ အသားဓာတ်အတွက် ပင်လယ်စာ၊ မြေပဲထောပတ်၊ ကြက်ဥ၊ ဥအမျိုးမျိုး၊ ၀က်သား၊ ပဲစို၊ ပဲခြောက်၊ ကဆီဓာတ်အတွက် ထမင်း၊ အာလူး၊ ဆန်နဲ့လုပ်ထားတဲ့မုန့်၊ ပြောင်းနဲ့လုပ်ထားတဲ့မုန့်၊ ပီလောပီနံကထုတ်ထားတဲ့မုန့်တွေကိုလည်း စားသုံးနိုင်ပါတယ်။ ဆီဆိုရင်တော့ အသီးအရွက်ဆီ။ အသီးအရွက်ကထုတ်လုပ်တဲ့ ထောပတ်၊ အသီးအနှံတွေဆိုရင်တော့ လတ်ဆတ်တဲ့ အသီးနဲ့ သစ်သီးဖျော်ရည်၊ ၊ လတ်ဆတ်တဲ့အသီးအရွက်၊ အာလူး၊ ကန်စွန်းဥ၊ ပီလောပီနံဥ၊ အာတာလွတ်ဥ၊ သကြားအဖြူ၊ အညိုတို့ကနေ ထုတ်လုပ်ထားတဲ့ မုန့်၊ လက်ဖက်ရည်တို့ကို စားသောက်နိုင်ပါတယ်။
ဟင်းချက်အမွှေးနံ့သာတွေထဲမှာဆိုရင်တော့ ပဲပိစပ်ကထုတ်လုပ်တဲ့ ရှာလကာရည်၊ ပဲအုန်းရည်၊ Olive ဆီ၊ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီးအချဉ်ရည်၊ ဆား၊ ငရုတ်ကောင်း၊ သစ်ကြမ်းပိုး၊ အရောင်တင်မှုန့်၊ လေးညှင်းပွင့်၊ ဆိုဒါမှုန့်၊ မုန့်ဖုတ်ပီလောပီနံမှုန့်တို့ကိုလည်း ချက်ပြုတ်ရာမှာအသုံးပြုနိုင်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး