
ကလေးငယ်လေးများပေါင်ချိန်ပြည့်ဝစွာ မေွးဖွားနိုင်ဖို့က မေမေတို့အနေနဲ့ကြိုတင်ပြင်ဆင်စရာလေးတေွရှိပါတယ်။ကိုယ်ဝန်ဆောင်စောင့်ရေှာက်မှု တတ်နိုင်သမှျစောစီးစွာယူခြင်းကလည်း ကလေးငယ်လေးများ ပေါင်မပြည့်ဘဲမေွးဖွားခြင်းမျ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ကလေးငယ်များပေါင်ချိန်မပြည့်ခြင်းကိုဖြစ်စေတဲ့ ကိုယ်ဝန်ဆီးချိုနဲ့ သေွးပေါင်ချိန်မြင့်မားခြင်းကို ကြိုတင်သိရှိပြီး ကိုယ်ဝန်ဆောင်စောင့်ရေှာက်မှုခံယူချိန်မှာတော့ ဆရာဝန်မှ ကိုယ်အလေးချိန် တိုးတက်မှု၊ သေွးပေါင်ချိန်၊ သန္ဓေရဲ့ ကြီးထွားနှုန်း၊ သန္ဓေသားရဲ့ နှလုံးခုန်နှုန်းတို့ကို ကြိုတင်သိရှိကာကွယ်နိုင်မှာပါ။

ကျန်းမာသော ကိုယ်အလေးချိန် မြှင့်တင်ခြင်းနဲ့ အာဟာရဖြည့်တင်းပေးခြင်းကို ကိုယ်ဝန်စဆောင် ကတည်းကလိုအပ်ပါတယ်။ ဖောလစ်အက်စစ်ကြွယ်ဝသော အစေ့ အသီးအပွင့်နဲ့ အရွက်တေွကို စားသုံးမှုမြင့်တင်ဖို့လိုအပ်ပြီး ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မေွးဖွားသောကလေးငယ်ရဲ့ ကိုယ်အလေးချိန်ကို ပြည့်မှီစေပြီး ကလေးမိခင်က်ုပါကျန်းမာသန်စွမ်းစေပါတယ်။

နေထိုင်မှုဘဝပုံသဏ္ဍာန်ကိုလည်း ပြောင်းလဲမှုလိုအပ်ပါသေးတယ်။ အရက်နှင့်ဆေးလိပ်သောက်သုံးခြင်းက မေွးဖွားလာမည့်ကလေးငယ်၏ ကိုယ်အလေးချိန် ကျဆင်းနိုင်ချေကို မြှင့်တင်ပေးပါတယ်။ ထို့အတွက် ဆေးလိပ်နဲ့ အရက်မှီဝဲခြင်းကို ရပ်တန့်ဖို့လိုအပ်ပါတယ်။ အိပ်ရေးဝဝ အိပ်ပြီး သန္ဓေသားဖွံ့ဖြိုးမှုအတွက် စိတ်ဖိစီးမှုကိုလေှျာ့ချသင့်ပါတယ်။

ဆီးချိုရောဂါနဲ့ သေွးပေါင်ချိန်မြင့်မားခြင်းက ကလေးငယ်များပေါင်မပြည့်ဘဲမေွးဖွားခြင်းကို အားပေးနေပါတယ်။ ထိုအတွက် အန္တရာယ်ကိုတတ်နိုင်သမှျလေှျာ့ချဖို့လိုအပ်ပါသေးတယ်။ အကယ်၍ ပေါင်ချိန်မပြည့်သောကလေးငယ်မေွးဖွားလာခဲ့ရင်တောင်မှ အလေ့အကျင့်ကောင်းများကို ဆက်လတ်ကျင့်သုံးခြင်းဖြင့် ကလေးငယ်ရော မိခင်အတွက်ပါ ကောင်းမွန်သော ကျန်းမာရေးကိုရရှိစေမှာပါ။
MiGi