မေမေတို့ရေ ချစ်စရာဘေဘီလေးတွေ ဝမ်းသွားတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေရတယ််ဆိုရင်တော့ မေ့ပစ်လိုက်ပါတော့နော်။ လသားအရွယ် မိခင်နို့သောက်သုံးနေတဲ့ ကလေးတွေမှာ ဝမ်းသွားတာက ဖြစ်တတ်ပါတယ်။ ဝမ်းအရောင်ပြောင်းတာ၊ အမြှုပ်လေးတွေပါတာ၊ နည်းနည်းနဲ့ ခဏခဏသွားတာတွေက ဘေဘီလေးတွေတိုင်းမှာ ဖြစ်တတ်တဲ့သဘာဝပါနော်။ စိုးရိမ်ဖို့မလိုပါဘူးမေမေတို့ရေ။
နောက်ပြီး ဝမ်းသွားတဲ့အရောင်က ပုံမှန်မဟုတ်ဘဲ အစိမ်းရောင်လေးတွေဖြစ်တယ်ဆိုတဲ့ မေမေတွေလည်း စိတ်မပူပါနဲ့နော်။ နို့စို့ကလေးရဲ့ဝမ်းအရောင်က မေမေရဲ့စားသောက်တဲ့အစားအသောက်တွေနဲ့ သက်ဆိုင်နေတာမို့ အဲ့ဒီအစားအသောက်တွေအပေါ်မူတည်ပြီး ဝမ်းအရောင်ပြောင်းလဲတတ်ပါတယ်။ ဒါကလည်း ရိုးရှင်းတဲ့သဘာဝဖြစ်စဉ်တစ်ခုပါပဲတဲ့ မေမေတို့ရေ။
နောက်ပြီး မိခင်နို့တိုက်တဲ့ လသားအရွယ်ကလေးတွေမှာ လေနဲ့ဝမ်းမကွဲဘဲ လေလည်ချိန်မှာ ဝမ်းသွားတတ်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်တဲ့။ မေမေတို့က အရမ်းကြီးစိတ်မပူဘဲ နို့ချိုတိုက်ကျွေးနေတဲ့ မေမေတို့ရဲ့ အစားအသောက်လေးတွေကို အနည်းငယ်လောက်ဆင်ခြင်လိုက်ရင် အဆင်ပြေသွားမှာပါနော်။ ကလေးငယ်တွေတိုင်းမှာ ဖြစ်တတ်တဲ့သဘာဝမို့ မကြာခင်မှာ ပြေလည်သွားမှာပါ။ တကယ်လို့ အရမ်းအဆက်မပြတ်နဲ့ အရမ်းသွားနေမယ်။ ကလေးကလည်း မလန်းဘဲမှိုင်နေမယ်ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်နော်။
(မေးလိုရာမေး မေ့ရင်သွေးကဏ္ဍမှ ကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး