မေမေတို့ရေ သားသားမီးမီးလေးတွေကို ဂီတသံစဉ်တွေနဲ့အတူ ကြီးပြင်းစေတာဟာ သူတို့လေးတွေရဲ့ ထက်မြက်မှု၊ ဖွံ့ဖြိုးမှုတွေအတွက် အထောက်အကူပြုစေနိုင်ပါတယ်နော်။
ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေနိုင်ပါတယ် - ကလေးတွေကို ဂီတသံစဉ်တွေကို နားထောင်စေတာဟာ ကျောင်းစာသင်ခန်းစာတွေမှာ ထက်မြက်ထူးချွန်စေဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ လေ့လာမှုတွေအရ ဖော်ပြထားပါတယ်။
မှတ်ဉာဏ်အားကို တိုးတက်ကောင်းမွန်စေပါတယ် - ငယ်စဉ်ကတည်းက ဂီတနဲ့ကြီးပြင်းလာတဲ့ကလေးဟာ ဦးနှောက်ဖွံ့ဖြိုးမှုကို နှိုးဆွပေးပြီးသားဖြစ်လို့ သင်ယူနိုင်စွမ်းအားနဲ့ မှတ်ဉာဏ်အားကို ကောင်းမွန်လာစေပါတယ်။
ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကောင်းမွန်စေပါတယ် - အဖွဲ့အစည်းအလိုက်ပြုလုပ်တတ်တဲ့စိတ်ထား၊ ခေါင်းဆောင်နိုင်စွမ်းအား၊ စည်းကမ်းဖွံ့ဖြိုးမှုတွေအတွက်လည်း ဂီတက အထောက်အပံ့ဖြစ်ပါတယ်တဲ့။
ယုံကြည်မှုတည်ဆောက်ရာမှာ ဂီတက ထောက်ပံ့ပေးပါတယ် - ကလေးငယ်တွေရဲ့ ကျွမ်းကျင်မှုကို တိုးတက်စေဖို့ များစွာအထောက်အပံ့ဖြစ်စေပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့အပြင် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်ဖို့အတွက်လည်း အကောင်းဆုံးလက်နက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
နာခံတတ်မှုတွေနဲ့ သည်းခံနိုင်စွမ်းကို ဖြစ်ပေါ်စေပါတယ် - ဂီတနဲ့မွေ့လျော်ကြီးပြင်းလာတဲ့ကလေးငယ်တွေ၊ ဂီတနဲ့ပတ်သက်ပြီး ဆော့ကစားကြီးပြင်းလာတတ်တဲ့ကလေးငယ်တွေဟာ တစ်ဦးနဲ့တစ်ဦး သည်းခံနိုင်စွမ်းအားတွေမြင့်မားလာစေနိုင်တဲ့အပြင် စိတ်ထားဖြူစင်သူတွေဖြစ်စေတတ်ပါတယ်တဲ့။
စကားအရာမှာ သာလွန်စေတယ် - ဂီတနဲ့ကြီးပြင်းလာတဲ့ကလေးငယ်တွေဟာ အခြားသူတွေထက်ပိုပြီး စကားအရာကျွမ်းကျင်တတ်မြောက်စေပါတယ်။ အခြားသူတွေထက် စကားအရာထက်မြက်သာလွန်သူတွေဖြစ်တတ်ကြပါတယ် မေမေတို့ရေ။
ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို သာယာနာပျော်ဖွယ်ကောင်းတဲ့ ဂီတတွေနဲ့အတူ ကြီးပြင်းလာကြစေဖို့ မေမေတို့က စွမ်းဆောင်ပေးလိုက်ကြပါဦးနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး