မေမေတို့ရေ ကိုယ့်ရဲ့ရင်သွေးငယ်လးတွေကို အစာစတင်ကျွေးဖို့အတွက် အသက် ၆ လမှာစတင်ကျွေးလို့ရပါပြီ။ အဲ့ဒီလိုစကျွေးတဲ့အချိန်မှာတော့ တစ်နေ့ကို နှစ်ကြိမ်လောက်ကျွေးရမှာပါ။ တစ်ခါကျွေးရင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းလောက်က စကျွေးပြီး တဖြည်းဖြည်းနဲ့ ထမင်းစားဇွန်းနှစ်ဇွန်း၊ သုံးဇွန်းအထိ နှစ်ပတ်လောက်အတွင်းမှာ တိုးတိုးပြီးကျွေးဖို့လိုပါတယ်။
တကယ်လို့ကျွေးတာ နှစ်ပတ်ကြာပြီးသွားရင်တော့ လက်ဖက်ရည်ဇွန်း ၆ ဇွန်း (အကြမ်းပန်းကန်လုံး တစ်လုံးစာအထိ) ကျွေးပေးနိုင်မှာပါ။ အဲ့ဒီလိုအစားကျွေးဖို့အတွက်ကတော့ အသက် ၆ လ ကနေ ၉ လ အရွယ်အထိ တစ်ရက်ကို နှစ်ကြိမ်ကနေ သုံးကြိမ် အစားကျွေးနိုင်ပါတယ်။ အဲ့ဒီနောက်ပိုင်း အသက် ၉ လကနေ ၁၂ လအထိအရွယ်မှာတော့ တစ်ရက်ကို ၃ ကြိမ်ကနေ ၄ ကြိမ်အထိ ကျွေးမွေးနိုင်မှာပဲဖြစ်ပါတယ်။
မေမေတို့ရေ ကလေးတစ်နှစ်အရွယ်အထိ အစားကျွေးဖို့ ထမင်းကျွေးမွေးမှုကို တစ်ကြိမ်အနည်းဆုံးဟင်းစောက်ပန်းကန် တစ်ဝက်စာအထိ ကျွေးနိုင်သလို သွားရည်စာကိုလည်း တစ်ကြိမ်ကနေ နှစ်ကြိမ်အထိ ကျွေးမွေးးနိုင်မှာပါ။ နောက်ပြီး အသက် ၁ နှစ်ကနေ ၂ နှစ်အထိဆိုရင်တော့ ထမင်းကျွေးတဲ့အကြိမ် ၃ ကြိမ်ကနေ ၄ ကြိမ်ကျွေးနိုင်သလို သွားရည်စာကိုတော့ ၁ ကြိမ်ကနေ ၂ ကြိမ် ကျွေးနိုင်ပါတယ်။ အဲ့ဒီအရွယ်ကလေးတွေကတော့ တစ်ကြိမ်ထမင်းစားရင် ဟင်းပန်းကန် လေးပုံသုံးပုံကနေ တစ်လုံးအထိ ကုန်အောင်စားနိုင်နေပြီလည်းဖြစ်ပါတယ်။
အဲ့ဒီကမှ အသက် ၂ နှစ်ကနေ ၃ နှစ်အရွယ်ကြားရောက်သွားပြီဆိုရင်တော့ တစ်နေ့ကို ထမင်း ၂ ကြိမ်၊ ၃ ကြိမ်ကနေ တစ်ခါတစ်လေမှာ ငါးကြိမ်အထိတောင်စားနေနိုင်ပြီဖြစ်ပါတယ်။ ကလေးတွေစားနိုင်သလောက် မေမေတို့က ကျွေးလို့ရပါတယ်နော်။ သွားရည်စာကတော့ တစ်ကြိမ်ကနေ နှစ်ကြိမ်စားလို့ ကျွေးလို့လည်းရပါတယ်။
မေမေတို့ရေ ကလေးငယ်ကိုကျွေးမယ့်အစားအစာတွေကိုတော့ အတတ်နိုင်ဆုံး အသန့်ရှင်းဆုံးဖြစ်အောင်ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ ချက်ပြုတ်တာ၊ ထည့်သိုတာတွေအားလုံးမှာလည်း သန့်ရှင်းနေစေဖို့ မေမေတို့က ဂရုတစိုက်နဲ့ သေချာစိစစ်ပေးဖို့လိုပါတယ်နော်။ ကျန်းမာပြီး ဝဝကစ်ကစ်ချစ်စရာဘေဘီလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
မိခင်နဲ့ ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး
မေမေတို့ရေ ဘေဘီလေးတေွကို ဖြည့်စွက်စာ စတင်ကျေွးတဲ့အချိန်မှာတော့ သတိပြုဖို့လိုတာလေးတေွရှိပါတယ်နော်။
>> အသက် ၆ လအရွယ် အစာစတင်ကျေွးမေွးချိန်မှာ မိခင်နို့ကို ဆက်ပြီးတိုက်လို့လည်းရပါတယ်။ တစ်ခုရှိတာကတော့ ထမင်းစားချိန်နဲ့နီးပြီး နို့နဲ့သွားရည်စာတေွကိုတော့ မကျေွးသင့်ပါဘူး။
>> နောက်ပြီးကလေးတေွကို အစာစတင်ကျေွးချိန်မျာ ထေွးထုတ်တာ၊ အန်ထုတ်တာမျိုးပြုလုပ်တတ်ပါတယ်။ အဲ့ဒီအချိန်မှာ ကလေးကို စိတ်ရှည်လက်ရှည်ကျေွးဖို့လိုပါတယ်။
>> ဖြည့်စွက်စာစကျေွးမယ်ဆိုရင် အနည်းငယ်စီကစတင်ပြီး တိုးကျေွးသွားဖို့လိုအပ်ပါတယ်။
>> ကလေးစားချင်အောင် စိတ်ရှည်ရှည်နဲ့ ချော့ကျေွးဖို့လိုသလို အရသာအမျိုးမျိုးပြောင်းပြီး ကျေွးဖို့လည်း လိုပါတယ်။
>> ကလေးကိုအစားမကျေွးမီမှာ အစာပြင်ဆင်သူ၊ ကျေွးမယ့်သူရဲ့ လက်၊ ပန်းကန်၊ ဇွန်းနဲ့ ကလေးလက်၊ ပစ္စည်းတင်မယ့် နေရာတေွကို သန့်ရှင်စင်ကြယ်ဖို့ ဂရုစိုက်ပေးရပါမယ်နော်။
>> ကလေးအတွက် ပြင်ဆင်ထားတဲ့ အစာကို ချက်ချင်းပြင်မကျေွးနိုင်လို့ ရေခဲသေတ္တာထဲမှာသိမ်းထားမယ်ဆိုရင်လည်း ကျေွးခါနီးတဲ့အခါ အပူပေးပြန်နေွးပြီးမှ ကျေွးဖို့လိုပါတယ်နော်။
>> ကလေးအစာစားနေချိန်မှာ ရေမတိုက်ဘဲ အစားစားပြီးမှသာ ရေတိုက်တဲ့အကျင့်ကို လုပ်ပေးပါနော်။ ထမင်းစားရင်း ရေသောက်မယ်ဆိုရင် ထမင်းအဝင်နည်းပြီး ဗိုက်တင်းသွားတတ်တာကြောင့်ပါ။
(ဒေါက်တာအိအိခင်ရေးသားသည့် ကလေးငယ်ကို အစာဘယ်လိုကျေွးရမလဲ ပြဿနာများ ဆောင်းပါးမှ ကောက်နုတ်ချက်)