မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ ကျန်းမာရေးအတွက်နဲ့ ကိုယ်ဝန်အတွက်အထောက်အပံ့ဖြစ်စေဖို့အတွက် နွားနို့သောက်သုံးပေးသင့်ပါတယ်နော်။ နွားနို့မှာပါ၀င်တဲ့ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်ဒီတို့က ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အကောင်းမွန်ဆုံးအထောက််အပံ့ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေနဲ့ နွားနို့သောက်သုံးမှုပမာကတော့ တစ်ရက်ကို သုံးခွက်အထိ သောက်သုံးပေးနိုင်ပါတယ်။ မေမေတို့တစ်ခုသတိထားသင့်တာကတော့ နွားနို့သောက်သုံးတဲ့အခါမှာ အဆီထုတ်ထားတဲ့နွားနို့ (ဒါမှမဟုတ်) အဆီနည်းတဲ့နွားနို့ကိုတော့ ရွေးချယ်ပေးသင့်ပါတယ်။ ဒါမှလည်း ကျန်းမာရေးနဲ့ညီညွတ်ပြီး မိခင်အတွက်ရော သန္ဓေသားအတွက်ပါ ကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်။
လူတစ်ဦးအတွက်နေ့စဉ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကိုတော့ နွားနို့ ၃ ခွက်ကနေ ၄ ခွက်အထိသောက်သုံးပေးမယ်ဆိုရုံနဲ့တင် ပြည့်ဝစေပါတယ်။ နွားနို့မှာပါတဲ့ ပရိုတင်းဓာတ်ကတော့ ကလေးငယ်ရဲ့သွေးခုန်နှုန်းမှန်ကန်စေဖို့၊ မိခင်နို့ထွက်ကောင်းမွန်စေဖို့၊ မိခင်တွေရဲ့ ရင်သားတစ်ရှူးတွေကျန်းမာစေဖို့နဲ့ ကလေးငယ်ရဲ့ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေပါတယ်။ မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေနဲ့ သာမန်မိခင်တွေထက်ပိုပြီး နွားနို့သောက်သုံးပေးသင့်တာကတော့ နွားနို့မှာပါဝင်တဲ့အာဟာရဓာတ်တွေက သန္ဓေသားရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အများအပြားအထောက်အပံ့ဖြစ်စေနိုင်တာကြောင့်ပဲဖြစ်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး