
ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် ထူးခြားတဲ့ကောင်းကျိုးတေွ ယူဆောင်ပေးမယ့် အရာတစ်ခုပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကြက်သွန်ဖြူကို ဟင်းခတ်အမေွှးအကြိုင်နဲ့ စားစရာအဖြစ်သာမက အိပ်စက်ရာမှာ အထောက်အကူဖြစ်စေဖို့ အသုံးပြုခဲ့ကြပါတယ်။ ယနေ့ထက်တိုင်လည်း ကြက်သွန်ဖြူကို အိပ်စက်ခြင်းကို အထောက်အကူပြုဖို့ အသုံးပြုနေကြတုန်းပါပဲ။

ကိုယ်ဝန်ဆောင်မိခင်လောင်းတေွအနေနဲ့ အိပ်ရေးဝဖို့ အရေးကြီးပါတယ်။ အိပ်ရေးမဝတဲ့ မိခင်လောင်းတေွမှာ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်ပြီး ဝမ်းဗိုက်ထဲက သန္ဓေသားလေးကိုပါ အနည်းနဲ့အများ ထိခိုက်စေနိုင်ပါတယ်။ မိခင်လောင်းတေွရဲ့ အိပ်ရေးမဝတဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာ ထားပြီး အိပ်စက်စေဖို့ အကြံပြုလိုပါတယ်။

ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာထားပြီး အိပ်စက်ခြင်းရဲ့ အဓိကကောင်းကျိုးကတော့ ခြင်ကိုက်သက်သာခြင်းပါပဲ။ လူတို့ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အနံ့ကိုခံပြီး ရောက်လာလေ့ရှိတဲ့ ခြင်တေွဟာ ခေါင်းအုံးအောက်မှာထားထားတဲ့ ကြက်သွန်ဖြူရန့ံကြောင့် အာရုံထေွှပားမှုဖြစ်ပြီး မိခင်လောင်းတေွထံ အလွယ်တကူနဲ့ မရောက်လာနိုင်တော့ပါဘူး။ ခြင်အပြင် အခြားအင်းဆက်ပိုးမွှားတေွရဲ့ ရန်ကိုပါ ကာကွယ်ပေးနိုင်ပါသေးတယ်။

ညဖက်တေွမှာ လွယ်လွယ်နဲ့အိပ်မပျော်တဲ့သူတေွအတွက် ကျွမ်းကျင်ပညာရှင်တေွက ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာ ထားပြီး အိပ်စက်စေတဲ့ကုထုံးကို အသုံးပြုဖို့ တိုက်တွန်းကြပါတယ်။ ဒါဟာတကယ့်ကို အလုပ်ဖြစ်ပါတယ်။ ကြက်သွန်ဖြူအနံ့ကို ရှူပြီးအိပ်စက်ခြင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာဖြစ်ပြီး မိခင်လောင်းတေွကိုလည်း လွယ်လွယ်နဲ့အိပ်မပျော်တဲ့ရောဂါကနေ သက်သာစေမှာ ဖြစ်ပါတယ်။

ဒ့ါကြောင့် မိခင်လောင်းတေွအနေနဲ့ တစ်ညတာကို စိတ်အေးချမ်းသာစွာ ကျော်ဖြတ်နိုင်ဖို့အတွက် ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာ ထားပြီး အိပ်စက်ဖို့ အကြံပြုလိုက်ရပါတယ်။
HYA (kyarlay)