
ကိုယ်ဝန်ဆောင်နေစဉ်ကာလတစ်လေှျာက်လုံးမှာ ကလေးကျန်းမာရေးရော မိခင်ကျန်းမာရေးအတွက်ပါ ကောင်းနေဖို့အတွက် အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ အစားအသောက်ကို ကောင်းကောင်း ဆင်ခြင်ရသလို အာဟာရရှိစေမယ့် အစားအစာတေွကိုလည်း ပိုပြီးတော့ စားသုံးပေးသင့်ပါတယ်။ ဒီအချက်တေွကြောင့်ပဲ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဖရဲသီးကို ပိုမို စားသုံးပေးသင့်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အမျိုးသမီးတေွအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဘာကြောင့် ဖရဲသီးကို စားသုံးပေးသင့်သလဲဆိုတာကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ Morning Sickness တေွကို လျော့နည်းသွားစေတယ်
-------------------------------------------------------------
ဖရဲသီးကို ပုံမှန် စားသုံးပေးခြင်းက စိ်တ်ကို ကြည်လင်စေပြီးတော့ ခန္ဓာကိုယ်ကိုလည်း လန်းဆန်းစေပါတယ်။ ဒါအပြင် ဖရဲသီးဟာ ကိုယ်ဝန်သည်တေွမှာ ဖြစ်တတ်တဲ့ Morning Sickness တေွကိုလည်း လျော့နည်းအောင် ကာကွယ်ပေးတယ်။ ဒါကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတေွ မနက်ပိုင်းမှာ ဖရဲသီးဖျော်ရည်တစ်ခွက်ကို ပုံမှန် သောက်ပေးဖို့အတွက် တိုက်တွန်းပါတယ်။

၂။ ကိုယ်ဝန်အဆိပ်တတ်တာတေွကိုလည်း လျော့နည်းသွားစေတယ်
-------------------------------------------------------------------------
ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ဖြစ်တတ်တဲ့ ခြေထောက် ၊ လက်ဖောင်းပြီးတော့ ရောင်လာတာတေွ ဖြစ်တတ်ပါတယ်။ ဖရဲသီးမှာ ရေဓာတ်ပါတာကြောင့် သေွးကြော ၊ ကြွက်သားတေွကို ပိတ်ဆို့ထားတဲ့အရာတေွကိုလည်း လျော့နည်းသွားစေတယ်။ ဒါအပြင် ဖရဲသီးဟာ ကိုယ်ဝန်အဆိပ်တတ်တာတေွကိုလည်း သိသိသာသာ လျော့နည်းသွားစေပါတယ်။

၃။ ရေဓာတ်ကို အများကြီး ရစေတယ်
----------------------------------------
ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း ရေဓာတ်ဆုံးရှုံးမှု မရှိရလေအောင် ရေများများ သောက်ဖို့အတွက် တိုက်တွန်းထားပါတယ်။ ရေဓာတ်ဆုံးရှုံးတာက လမစေ့ဘဲ ကလေးမေွးတာတေွ ဖြစ်ပေါ်လာတတ်ပါတယ်။ ဖရဲသီးမှာ ရေ (၉၀%)လောက်ပါဝင်ပြီး ဖရဲသီးစားပေးတာက ရေဓာတ်ကို ကောင်းကောင်း ရရှိစေပါတယ်။

၄။ သင့်ရဲ့ကိုယ်ခံအားကိုလည်း ကောင်းစေတယ်
-----------------------------------------------------
သင်မှာ ကိုယ်ဝန်ရှိနေပြီဆိုတာက သင်မှာ နောက်ထပ် အသက်နောက်တစ်ချောင်းရှိနေပြီ ဆိုတဲ့သဘောပါ။ ဒါဟာ သင်ကျန်းမာရေးအရရော ၊ သင့်ကလေးရဲ့ကျန်းမာရေးအတွက်ပါ ကောင်းကောင်း ဂရုစိုက်ရမယ့်အချိန်ပါပဲ။ သင့်ဗိုက်ထဲက ကလေးလေးက ကျန်းမာကြံခိုင်ပြီးတော့ ကိုယ်လက် အင်္ဂါပြည့်ပြည့်စုံစုံမေွးလာဖို့က သင့်မှာ တာဝန်အပြည့်ရှိပါတယ်။ ဒါကြောင့် ဖရဲသီးကိို ပုံမှန်စားပေးခြင်းက သင့်ရဲ့ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်က ကိုယ်ခံအားကောင်းနေမှသာ ကျန်းမာတဲ့ကလေးကို ကောင်းကောင်းမွန်မွန် ပြန်လည် မေွးဖွားနိုင်မှာပဲ ဖြစ်ပါတယ်။

၅။ ကိုယ့်လက်ကိုက်ခဲတာတေွလည်း မဖြစ်တော့ဘူး
--------------------------------------------------------
ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ သင့်ရဲ့ခန္ဓာကိုယ့်ရဲ့ အပြောင်းအလဲကြောင့် ၀ိတ်တတ်လာတာတေွ ၊ ဟော်မုန်းပြောင်းလဲလာတာတေွလည်း ရှိတတ်ပါတယ်။ ကိုယ်ဝန်ရင့်လာလေ ကိုယ်လက်တေွ ၊ ကျောကုန်းတေွလည်း နာလာတတ်ပါတယ်။ ဖရဲသီးကိုစားပေးတာက ဒါတေွကိုလည်း သက်သာစေတယ်။ ကိုက်ခဲနာကျင်တာတေွကိုလည်း ကောင်းကောင်း လျော့နည်းစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ သင့်အတွက်ရော သင့်ကလေးအတွက်ပါ ကောင်းကျိုးတေွ အများကြီးပေးတဲ့ ဖရဲသီးကို အမြဲပုံမှန် စားသုံးပေးဖို့အတွက် အခုလိုပဲ တိုက်တွန်းဝေမှျပေးလိုက်ပါတယ်။
#Ref( stylecraze - ကိုယ်ဝန်ဆောင်မိခင်နဲ့ဖရဲသီး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)