စျေး မီဒီယာ
အခြား

သင်သတိမမူမိတတ်တဲ့ ရင်သွေးငယ်တို့ နေထိုင်မကောင်းဖြစ်ရတဲ့အကြောင်းရင်း ..

Posted by May Thaw Htoo July 23, 2022
Btftwdkurxkovl2hleib

မေမေတို့ရေ သားသားမီးမီးလေးတွေနေထိုင်မကောင်းဖြစ်လို့ဆိုပြီး သက်သာစေလိုတဲ့ရည်ရွယ်ချက်နဲ့ ပြုစုပေးလိုက်တဲ့အခြေအနေတစ်ချို့က တစ်ခါတစ်ရံမှာ နေထိုင်မကောင်းပိုမိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်နေတတ်ပါတယ်။ အဲ့ဒါကြောင့်လည်း မေမေတို့တွေ သတိထားနိုင်စေဖို့အတွက် ကျားလေးကနေ မျှဝေပေးလိုက်ပါတယ်နော်။

- မေမေတို့ရေ အမွှေးနံ့သာရည်တွေ၊ စပရေးတွေနဲ့ အဝတ်အထည်တွေရဲ့မွှေးရနံ့အတွက် အသုံးပြုတဲ့ အမွှေးအိတ်၊ ပရုတ်လုံးတွေက ကလေးငယ်တွေနဲ့ဓာတ်မတည့်ပါဘူးနော်။ အဲ့ဒီအနံ့တွေကြောင့် ကလေးငယ်တွေမှာ နေထိုင်မကောင်းဖြစ်တတ်ပါတယ်။ နေမကောင်းဖြစ်နေတဲ့ကလေးတွေဆိုရင်လည်း ပိုမိုပြီး ဆိုးဝါးသွားတတ်ပါတယ်။
- နောက်တစ်ခုကတော့ပျားရည်ပါ။ ပျားရည်ကတစ်နှစ်အောက်ကလေးတွေရဲ့ နေထိုင်မကောင်းခြင်းတွေကို အားပေးတဲ့အတွက် ပိုမိုနေမကောင်းဖြစ်စေပါတယ်။
- အသားအရေအလှဆီအချို့ကလည်း ကလေးငယ်တွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
- ချောင်းဆိုးပျောက်ဆေး၊ အဖျားပျောက်ဆေးတွေကိုတော့ ၄ နှစ်အောက်ကလေးတွေကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မတိုက်ကျွေးသင့်ပါဘူး။ ဆရာဝန်ရဲ့စနစ်တကျလမ်းညွှန်မှုနဲ့သာ တိုက်ကျွေးသင့်ပါတယ်နော်။

မေမေတို့တွေအားလုံးက သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး ပျော်ရွှင်တဲ့မိသားစုလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.