
မေမေတို့ရေ မလိုင်လုံးကို အပြင်ကနေဝယ်မစားချင်ဘူးဆိုသူတေွအတွက် အရမ်းလည်းမခက်ခဲတဲ့ မလိုင်လုံးလုပ်နည်းလေးကို မှျဝေပေးလိုက်ပါတယ်နော်။ ကိုယ့်ရဲ့သားသားမီးမီးလေးတေွအတွက် ကိုယ်တိုင်ပြုလုပ်ပေးချင်ပါတယ်ဆိုတဲ့ မေမေတို့အတွက် အဆင်ပြေမှာပါနော်။
ပါ၀င်ပစ္စည်းများ ..
- နို့ခဲ ... အမှုန့်ခြစ်ထားပြီးသား ပန်းကန်လုံးတစ်လုံး
- သဘာဝသကြားညို ... ပန်းကန်လုံးတစ်လုံးနှင့်တစ်ဝက်
- ဂျုံမှုန့် ... စားပွဲဇွန်းသုံးဇွန်း
- မုန့်ဖုတ်ဆော်ဒါ ... စားပွဲဇွန်းတစ်ဇွန်း
- ဆီနှင့် ထောပတ်ဆီ
- စားသုံးအမေွှးဆီ ... အနည်းငယ်
- ဇီယာ ... အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာ အမှုန့်ခြစ်ထားပြီးသားနို့ခဲမှုန့်၊ ဂျုံမှုန့်၊ မုန့်ဖုတ်ဆော်ဒါတို့ကိုရောနယ်ပါ။
- ရေအနည်းငယ်စီမေွှပေးပြီး ရေနည်းနည်စီထပ်ထပ်ထည့်ပြီး ဂျုံနှင့်နို့ခဲမှုန့်သမအောင်ပြုလုပ်ပါ။
- အပျော့အမာအနေတော်လေးဖြစ်အောင်ရေဖြင့်နှယ်ပြီး ၁၀ မိနစ်ခန့်အဖုံးအုပ်ထားပါ။
- အိုးသန့်သန့်ထဲသို့ သကြားပန်းကန်လုံးတစ်လုံးနှင့်တစ်ဝက်၊ ရေပန်းကန်လုံးတစ်လုံးနှင့်တစ်ဝက်ထည့်ပြီး ကျိုချက်ပါ။
- သကြားပျော်လာပါက ဇီယာစေ့အနည်းငယ်ထည့်ပြီးသကြားရည်ပျစ်အောင်ကြိုထားပါ။
- ပြီးလှျင် ဂျုံနယ်များကို အရွယ်တော်အလုံးလေးများလုံးထားပါ။
- မီးဖိုပေါ်တွင် ဆီနှင့်ထောပတ်ဆီရောထည့်ပြီး ဆူလာပါက ဂျုံနို့လုံးများထည့်ကြော်ပါ။
- ဂျုံနို့လုံးများနီရဲလာပါက မီးဖိုပေါ်မှချပြီးဆီစစ်ထားပါ။
- ကျိုချက်ထားသည့်သကြားရည်ကို ဗန်းထဲသို့အမှုန့်စစ်ထည့်ပြီး သကြားရည်ထဲသို့ စားသုံးအမေွှးဆီထည့်မေွှပါ။
- ပြီးလှျင်အအေးခံထားသည့် ဂျုံနို့လုံးကြော်များကိုထည့်စိမ်ထားပါ။
- တစ်ညခန့်ရေခဲသေတ္တာထဲတွင်စိမ်ထားပြီးပါက နောက်တစ်နေ့တွင် စားသုံးနိုင်ပါပြီ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)