စျေး မီဒီယာ
အခြား

အဝလွန်ကလေးတွေမဖြစ်စေဖို့ လေ့ကျင့်ပေးမယ်

Posted by May Thaw Htoo August 22, 2022
Vccxhgkjgqrvwtecbcfz

Hodggnzyvswwrkiobzyw

Somyy3kepass9pdbys9u

မေမေ၊ ဖေဖေတို့ရေ ကိုယ့်ရဲ့ရင်သွေးလေးတွေ အဝမလွန်စေဖို့အတွက် လေ့ကျင့်ပေးကြရအောင်နော်။ အဝလွန်ရောဂါဖြစ်လာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ၊ သည်းခြေအိတ်ရောဂါ၊ ရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီချိုရောဂါ၊ စိတ်ဓာတ်ကျရောဂါတွေဖြစ်ပေါ်လာနိုင်ပါတယ်မေမေတို့ရေ။ အရမ်းအဝလွန်လာမယ်ဆိုရင် အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်ပြီး အသက်ကိုပါဆုံးရှုံးတဲ့အထိဖြစ်ပေါ်တတ်တာမို့လို့ မေမေတို့အားလုံးက ငယ်စဉ်ကတည်းက ဘေဘီလေးတွေကို ဂရုတစိုက်နဲ့ အဝမလွန်အောင် ထိန်းကျောင်းပေးဖို့ လိုပါတယ်နော်။
မေမေ၊ ဖေဖေတို့ရေ ကလေးငယ်မှာ အဝလွန်ရောဂါဖြစ်နေပြီ (ဒါမှမဟုတ်) အဝလွန်ရောဂါမဖြစ်စေဖို့အတွက် ကာကွယ်ပေးချင်တယ် (ဒါမှမဟုတ်) အဝလွန်ရောဂါဖြစ်ဖို့အတွက် အစပျိုးနေပြီဆိုရင်တော့ သတိထားပြီး လေ့ကျင့်ပြုစုပေးဖို့လိုပါတယ်နော်။ ကလေးတွေကို သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားစေဖို့လိုပါတယ်။ ကျောင်းနေရွယ်ရောက်ပြီဆိုရင်လည်း လမ်းလျှောက်လို့ရတဲ့နေရာကစပြီး ကျောင်းကိုလမ်းလျှောက်သွားပါစေ။ အဓိကက ကလေးတွေကို လမ်းများများလျှောက်စေဖို့ပါ။ နောက်ပြီး နေ့စဉ် မိနစ်သုံးဆယ်လောက် ကိုယ်လက်လှုပ်ရှားမှုအားကစားလုပ်ဖို့လိုပါတယ်။ တီဗီနဲ့ ကွန်ပျူတာဂိမ်းတွေကစားတတ်တဲ့ ဘေဘီလေးတွေကိုတော့ တစ်ရက်ကို ၂ နာရီ၊ အများဆုံးတစ်ပတ် ၁၄ နာရီလောက်သာ ကစားစေဖို့လိုပါတယ်။
ကယ်လိုရီများတဲ့အစားအစာတွေကို ရှောင်ရှားပြီး အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများစားစေဖို့လိုပါတယ်။ နောက်ပြီး မိသားစုကပါ အဝလွန်တာကို ထိန်းသိမ်းလိုစိတ်ရှိပြီး ပါ၀င်ကူညီပေးဖို့ လိုအပ်ပါတယ်။
တကယ်လို့ အဝလွန်ရောဂါဖြစ်နေတဲ့ ကလေးတွေဆိုရင်တော့ အဝလွန်ရောဂါဖြစ်ပွားသူအချင်းချင်း စကားပြောစေပြီး အတွေ့အကြုံအခက်အခဲတွေကို မျှဝေပေးဖို့လိုအပ်ပါတယ်။ တစ်ဦးကိုတစ်ဦးကူညီပြီး ဆရာဝန်နဲ့လည်း ရက်ချိန်းမှန်မှန်ပြသဖို့လိုအပ်ပါတယ်နော်။
မေမေ၊ ဖေဖေတို့က ကိုယ့်ရဲ့ရင်သွေးလေးတွေကို အဝလွန်ရောဂါရှိ၊ မရှိသိရှိလိုတယ်ဆိုရင်တော့ အသက်အရွယ်အလိုက်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေလား၊ အခြားရွယ်တူကလေးငယ်တွေ ယှဉ်ပါက ၀လွန်းနေလား ဆိုတာတွေနဲ့ နှိုင်းယှဉ်ပြီး ချင့်ချိန်နိုင်ပါတယ်။ တကယ်လို့ အဝလွန်ရောဂါရှိနေတယ်လို့ စိတ်ထဲမှာသံသယရှိနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့စစ်ဆေးဖို့လိုအပ်ပါတယ်နော်။ ကျန်းမာပြည့်ဖြိုးတဲ့ကလေးနဲ့ အဝလွန်ကလေးချင့်ချိန်သိရှိပြီး ကလေးငယ်တွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှုပေးနိုင်ကြပါစေနော်။

(ဒေါက်တာ အိအိခင်(ကလေး) ရေးသားသည့် အဝလွန်ရောဂါအကြောင်း သိကောင်းစရာဆောင်းပါး(မေ့ရင်သွေး) မှကောက်နုတ်ထားပါသည်)

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

Zdztchliptzvqqzrwjzo

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.