မေမေတို့ရေ အခုလိုအချိန်ကာလက မိုးရာသီအတွင်း ရာသီဥတုမမှန်တဲ့ကာလဖြစ်တဲ့အတွက် ကလေးငယ်တွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်။ ဝမ်းပျက်၊ ဝမ်းလျှောတယ်ဆိုတာ ကလေးငယ်မသန့်တဲ့အစားတစ်ခုခုကိုစားသောက်မိတဲ့အခါ၊ နို့မှုန့်တိုက်တဲ့ကလေးတွေဆိုရင်လည်း နို့မှုန့်ဖျော်စပ်ရာမှာ လွဲမှားမှုတစ်ခုခုရှိခဲ့တာတေါနဲ့ ပတ်ဝန်းကျင်မသန့်ရှင်းမှုတွေကြောင့်ဖြစ်ပွားတတ်ပါတယ်။
မေမေတို့သတိပြုရမှာကတော့ နို့သောက်ကလေး ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ပုံမှန်အတိုင်း မိခင်နို့ရည်ကို ဆက်လက်တိုက်ပေးဖို့လိုပါတယ်။ ပတ်ဝန်းကျင်အခြေအနေတွေကို ပြန်လည်စစ်ဆေးပြီး ကလေးငယ်တွေ ဘေးမှာတွေ့ရာအရာတွေကို ပါးစပ်ထဲကို ကောက်မထည့်မိစေဖို့အတွက် ဂရုစိုက်ပေးရပါမယ်။ ဖြည့်စွက်စာစားတဲ့အရွယ်ရောက်နေပြီဆိုရင်တော့ ကလေးငယ်ကို ကျွေးတဲ့ဖြည့်စွက်စာ အစားအစာတွေကို သေချာပြန်လည်ဂရုစိုက်စစ်ဆေးပြီး ကျွေးမွေးသင့်ပါတယ်။
ကလေးငယ်က ၁၂ နာရီကြာအောင် ဝမ်းတွေဆက်တိုက်ဆိုသလိုသွားနေမယ်၊ ဝမ်းထဲမှာ အမြုပ်တွေပါလာမယ်။ ဝမ်းအရည်တွေ ဆက်တိုက်သွားနေမယ်ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ အမြန်ဆုံးပြသပေးဖို့ လိုအပ်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး