
ကျှန်တော်တို့ ပတ်ဝန်းကျင်မှာ ဒူးရင်းသီးမြင်တာနဲ့ အငမ်းမရကြိုက်တဲ့လူတေွလည်းရှိသလို (Hanaလိုပေါ့) ဒူးရင်းသီးဆို အနံ့တောင် မခံနိုင်တဲ့လူတေွလည်း ရှိပါတယ်။ ဒူးရင်းသီး တကယ်ကြိုက်တဲ့သူတေွဆို ဒူးရင်းသီးကို တစ်ခါစား သုံးလုံးလောက်က အသာလေးပါပဲ။ ဒါပေမယ့်လည်း ဒူးရင်းသီးနဲ့ ပတ်သက်ပြီးတော့ တွဲမစားသင့်တဲ့ အစားအစာတေွလည်း ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဒူးရင်းချစ်သူတေွ အစားအသောက် ဆင်ခြင်လို့ရအောင် ဒူးရင်းသီးနဲ့တွဲဖက်မစားသင့်တဲ့ အစားအစာတေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ အရက် ၊ ဘီယာ
---------------------
ဒူးရင်းသီးစားရင်းနဲ့ အရက် ဘီယာ သောက်တာက သေနိုင်လောက်တဲ့ထိ ဖြစ်စေနိုင်ပါတယ်။ ဒူးရင်းသီးမှာပါဝင်တဲ့ ဓာတ်တစ်မျိုးဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရက်ပမာဏ ထိန်းချုပ်တာကို ကူညီပေးတဲ့ ဆဲလ်တေွကိုလည်း ဟန့်တားပေးပါတယ်။ အဲဒါဟာ သေစေနိုင်တဲ့အထိ ဖြစ်စေပါတယ်။

၂။ နို့
------
ဒူးရင်းသီးက သေွးထဲမှာရှိတဲ့ ကဖင်းဓာတ်ကို လျော့နည်းစေပါတယ်။ ကဖင်းဓာတ်ဆိုတာက လူကိုလန်းဆန်းစေတဲ့ ဓာတ်တစ်မျိုးပါ ပဲ။ ဒူးရင်းသီးတေွ အများကြီးစားတဲ့အခါ အိပ်ချင်တာတို့ ၊ ခေါင်းလေးနေတာတို့ ဖြစ်ဖူးတယ ်မှတ်လား။ အဲဒါ ကဖင်းဓာတ် လျော့နည်းသွားလို့ပါ။ ဒူးရင်းသီးကို နို့နဲ့တွဲစားရင် ကဖင်းဓာတ်ကိုလည်း ပိုလျော့စေပြီးတော့ သေွးတိုးတာတေွ ဖြစ်တတ်ပါတယ်။ အခန့်မသင့်ရင် သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

၃။ ကိုကာကိုလာ
-------------------
ကဖင်းဓာတ် အများကြီးပါတဲ့ ကိုကာကိုလာ နဲ့ ဒူးရင်းသီးကို တွဲစားတဲ့အခါ ရုတ်တရတ် နှလုံးရပ်တာ ၊ အသက်ရှူကြပ်တာတေွ ဖြစ်စေတတ်ပါတယ်။

၄။ ခရမ်းသီး
--------------
ခရမ်းသီးရော ဒူးရင်းသီးရောက အပူစာတေွပါပဲ။ ဒီနှစ်ခုကိုသာ ရောစားလိုက်ရင် အပူတေွများပြီးတော့ နေမကောင်း ဖြစ်စေပါတယ်။

၅။ ဂဏန်း
------------
ဂဏန်းက အအေးစာဖြစ်ပြီး ဒူးရင်းကအပူစာဆိုတော့ အဲဒီနှစ်ခုကို တွဲစားလိုက်ရင် ဗိုက်အောင့်ဗိုက်နာတာတေွ မကြာခဏ ဖြစ်တတ်ပါတယ်။

၆။ အမဲသား
--------------
အမဲသားက ဒူးရင်းသီးလိုပဲ အပူစာပါပဲ။ တွဲစားရင် အပူများပြီးတော့ နေမကောင်းတာ ဖြစ်စေပါတယ်။ အခန့်မသင့်ရင် အပူများပြီးတော့ ဒုက္ခအကြီးအကျယ် ရောက်နိုင်ပါတယ်။ ဒါဆိုရင် ဒူးရင်းသီးနဲ့ မစားသင့်တဲ့ အစားအစာတေွကို ရေှာင်လို့ရသွားပြီပေါ့ ။ ဘယ်အရာမဆို ကြိုက်ပေမယ့်လည်း အလွန်အကျွံမစားတာ ကောင်းပါတယ် ။ တန်ဆေးလွန်ဘေး ဆိုတဲ့ စကားပုံတောင် ရှိသေးတယ် မဟုတ်လား။ ဒါကြောင့် ဒူးရင်းသီး စားတဲ့အခါ အရမ်းမစားပဲ ရေှာင်သင့်တဲ့ အစားအစာတေွလည်း ရေှာင်စားကြပါနော် သူငယ်ချင်းတို့။
#Ref( Hana (For Her Myanmar) – ဒူးရင်းသီးနဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာများ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)